ဆေးရုံသို့လိုက်ပို့ပြီး မောင့်ကားလေး
ထွက်သွားသည်ထိ ပိုင်ပိုင်တစ်ဆုံးငေးကြည့်နေလိုက်သည်။........သူ့ အဆိုးလေးက..တစ်လမ်းလုံး...
ဘာကို စိတ်ကောက်နေမှန်း ခုထိမသိရချေ။..........မဖြစ်နိင်ပေမယ့် .တစ်ခါတစ်လေ..မောင့်စိတ်ကိုဖတ်နိင်သည့်.မှော်အစွမ်းလေးရချင်သားး..
"ဟူး..."
"ညီ...ဘာတွေကို..သက်ပျင်းချနေတာလဲဟင်..."
"အာ...ကိုနိုင်"
အနောက်ကနေ နိင်ဝင်းတစ်ယောက်.
..ဆေးရုံထဲမ၀င်သေးဘဲ...အပေါက်၀မှာ
ရပ်နေသည့်ညီ့ကို ..
ကြည့်နေတာကြာပြီဖြစ်သည်။အရင်နေ့တွေက ချစ်စရာကောင်းသည်မှန်သော်လဲ ဒီနေ့လေးကတော့ ထူးကဲချစ်ဖို့ကောင်းနေသည်ပေါ့လေ။ထို့ကြောင့် သူ့မှာအကြည့်တွေကမခွာနိင်ဖြစ်နေရသည်။
အနားသွားတော့..သက်ပျင်းချသံလေး
သဲ့သဲ့ကြားတော့...စိတ်ပူမိတော့ မေး
လိုက်ခြင်းဖြစ်လေသည်။"ကိုနိုင် ဒီနေ့ဂျူတီက..နေ့လည်မှလား.."
"အွန်းးဟုတ်တယ်...အာ့ကြောင့်ခုမှလာတာလေညီ..."
"အော်..."
"ကဲ..ဖြေပါဦး.."
လက်ပိုက်ပြီး..ညီ့အားတည့်တည့်ကြည့်
မေးငေါ့ပြလေတော့...."ဟင်..ဘာကိုလဲ..ကိုနိုင်.."
ရုတ်တရက်..အစမရှိအဆုံးမရှိ..ပြောချလိုက်သည့် ကိုနိုင်ဝင်းစကားကြောင့်...
ပိုင်ပိုင်ကြောင်သွားလေသည်။"ခုနတုန်းက ကိုယ်မေးတာလေ ဘာတွေကို..သက်ပျင်းချနေတာလဲလို့.."
"အော်...မဟုတ်ပါဘူးးး..ဒီတိုင်းပါ...
ပါးစပ်ကဒီတိုင်းထွက်သွားတာ..""အွန်း...သက်ပျင်းခနခနမချနဲ့အသက်တိုတယ်တဲ့ ကိုယ်ကြားဖူးတာ.ဒါနဲ့..ညီ့ကားလဲမမြင်ပါလား.."
"ဟုတ်...အဲ့ဒါ..မောင်.လိုက်ပို့တာ..ဒီနေ့..ဘုရားသွားရင်း.."
"အော်.....အရင်ကအဲ့လို သူအကြိုအပို့
လုပ်တာမမြင်ဖူးလို့လေ..ကိုယ်က.."
YOU ARE READING
^My Bad Guy ^(Z&U)
Romance•^မောင်က ငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡ သိပ်ဆိုးလွန်းတယ်မောင်♡ •^မောင်ကငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡သိပ်ဆိုးလွန်းတယ်မောင်က♡