ခုချိန်ထိမင်းစက်ကို ကိုကို့ဘက်က အဆက်သွယ်ဖြတ်ထားလေသည်။အိမ်သွားတွေ့သော် သူ့အခန်းထဲကမ
ထွက်ပေ။ဆေးရုံသွားစောင့်သော်
လဲသူမသိလိုက်ခင်ပြန်လေသည်။ဒါတင်မဟုတ်..သူသိပ်မုန်းသည့် လူနှင့်အတူပြန်လေသည်။
သူ့ထံသို့ပြန်စွန့်ကြဲသည့် အနေဖြင့် အကြည့်များရောက်လာရင်တောင်..
အေးစက်စက်အကြည့်တွေကလွဲကျန်တာ
မမြင်ရချေ။ကျွန်တော့်ရင်ဘက်ထဲနာလိုက်တာ..
ကိုကို့ဥပေက္ခာတွေနဲ့အသားမကျသေးလို့ထင်ပါရဲ့ဗျာ...
ဒီနေ့လဲထုံးစံနေ့တွေကလို သူ့အတွက်
ဘာမှလုပ်စရာမရှိပါ တစ်ခုသောအလုပ်က ကိုကို့ရှိသည့် နေရာတိုင်းသွားဖို့ပါ...Alarmပေးထားသည့် အချိန်အားရပ်၍ ကုတင်မှကုန်းထကာ..ရေချိူးခန်းသို့တန်းးဝင်လိုက်လေသည်။
ထို့နောက် ဗီရိုထဲမှရှိသော အဝတ်အစားတစ်ခုဖြစ်သလိုဆွဲထုတ်ကာ..ကောက်လျှိုလိုက်တော့သည်။
ကုတင်ပေါ်ကphနှင့်ကားသော့ယူကာ...ဘီယာဘူးခွံများ အမှိုက်များနှင့် ရှုပ်ပွနေသော သူ့အခန်းအားကျောခိုင်းခဲ့လိုက်သည်။
မှန်မကြည့်ဖြစ်သည်မှာလဲ ကြာပြီပေါ့လေ..ခုချိန်အပြင်ထွက်လို့ ပရိသတ်တွေေကြာင့် သူရုပ်ဖျက်စရာမလိုပေ ။ဘုတ်သိုက်ဖြစ်နေသောဆံပင်ကေနှင့်
မရိတ်တာကြာသော နှုတ်ခမ်းမွှေးများကြောင့် သူ့ကိုချက်ချင်းမှတ်မိလျှင်
ကံကောင်း....သူတို့နှစ်ယောက်ရဲ့အိမ်လေးကိုလဲ..
မပြန်ဖြစ်သည်မှာ ကြာပါပီ။နှစ်ဦးတည်းရှိသောအိမ်သည် တစ်ဦးထဲကျန်ခဲ့သည့်အခါ ဘယ်လောက်ဝမ်းနည်းစရာကောင်းမလဲ သူသေချာပေါက်သိလို့ပေ။ မား
နှင်ပါးကတော့ မသိသေး၍လား တစ်ခုခုလုပ်ဖို့လွှတ်ထားသည်လား
မသိ ခုထိတစ်ခါမှမဆက်သွယ်သေးပေ။ကားမောင်းထွက်လာရင်းအတွေးများလဲ..တိမ်လို့လွှင့်မျောရင်း *Paing*ဆို
သည့် ဆိုင်းဘုတ်ကြီး
နှင့်ထည်ဝါနေသော ...ဆေးရုံကြီးရှေ့တွင် ကားပါးကင်ထိုးကာ...သူရပ်စောင့်နေ
သည်။
YOU ARE READING
^My Bad Guy ^(Z&U)
Romance•^မောင်က ငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡ သိပ်ဆိုးလွန်းတယ်မောင်♡ •^မောင်ကငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡သိပ်ဆိုးလွန်းတယ်မောင်က♡