"ဟုတ်ကဲ့ပါဗျာ..လာ..hotelအရင်သွားရအောင်..""အွန်း..."
နေ့လည်၅နာရီလောက်ရောက်ပီး...ဟိုတယ်မှာပစ္စည်းတွေနေရာချပီးတော့၆နာရီကျော်နေပီဖြစ်၍...အခန်းထဲသို့သာ ညစာကိုမှာစားလိုက်တော့လေသည်။
"ကိုကို...."
"အွန်း..မောင်..."
ထမင်းစားပီးတည်းက လက်တော့စ်ကြီးပေါင်ပေါ်တင်ပီး အလုပ်ကပို့တဲ့အကြောင်းတွေပြန်စစ်နေတဲ့ ကိုကို့ကြောင့် မင်းစက်ပျင်းလာလေသည်။
"ကျွန်တော်ပျင်းလာပီ...တစ်ခုခုအပျင်းပြေကစားရအောင်.."
"ဟင်...ညကြီးကို မှောင်နေပီလေ...မနက်ကြမှ လုပ်ချင်တာလုပ်ပါမောင်ရယ်...ဒီမှာစာရင်းတွေပြန်ကြည့်လိုက်ဦးမယ်..."
"ကျွန်တော်လုပ်ချင်တာက...ညကပိုအဆင်ပြေတာ...အဟင်းး.."
"ဘာမလို့လဲမောင်ရယ်..."
"ဟာ...မောင်..ပြန်ပေး.."
စကားပြန်ပြောသော်လဲကိုကိုက သူ့ကိုကုတင်ပေါ်ကနေလှမ်းကိုမကြည့်ပေ။ကြာတော့ အပယ်ခံဘဝလေးနဲ့တောင်တူလာပီလူက။
ထို့ကြောင့် ကုတင်ပေါ်က ကိုကို့လက်တော့စ်အားဆွဲယူလိုက်တော့သည်။"မပေးဘူး...ကိုကိုဒါက အလုပ်လုပ်ဖို့ထွက်လာတာမဟုတ်ဘူးနော်...တစ်တီတူး ချစ်ကြည်နူးဖို့ထွက်လာတာ...."
"ဟားးဟား..."
မောင့်စကားအားသဘောကျပီး ပိုင်ပိုင်ရီမိလေတော့သည်။
သူ့စကားအား...အလေးမထားဘဲ ရီတောင်ရီနေလိုက်သော ကိုကိုကြောင့် မင်းစက်ဒေါသပိစိလေးထွက်လာတော့သည်။
"ကိုကို..!!"
"ဟင်.."
"ကျွန်တော်အတည်ပြောတာနော်....ရီစရာမပါဘူးကိုကိုကချစ်တယ်၊ချစ်တယ်သာပြောပီး တကယ်တော့ ဂရုလဲမစိုက်ပါဘူးဗျာ..ရော့...အလုပ်ဘဲလုပ်နေလိုက်တော့.....
ကျွန်တော်လဲအိပ်ပီ..."ခပ်စူပုတ်ပုတ်လေးပြောသွားသောမောင့်
ကြောင့် ပိုင်ပိုင့်မှာရီရခက် ငိုရခက် ။ဒါနဲ့ ခုမောင်က စိတ်ကောက်သွားတာလား သူ့ကို...
YOU ARE READING
^My Bad Guy ^(Z&U)
Romance•^မောင်က ငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡ သိပ်ဆိုးလွန်းတယ်မောင်♡ •^မောင်ကငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡သိပ်ဆိုးလွန်းတယ်မောင်က♡