~7~

26.8K 1.9K 59
                                    

            Unicode
"ဘေးးက ညီမ​ သား​လေးလား
တကယ့်ကိုလူ​ချောဘဲ"

သိပ်မမြင်တက်ရှာ​သော မားအားပိုင်ပိုင် ပြုံးပြီးသာကြည့်​နေလိုက်​သည်။

"သားသားရုပ်ရည်က​တော့ ​
တွေ့တဲ့သူတိုင်းအချီးကျူးခံရတာဘဲမမ​ရေ"

"အို...တကယ်လဲ​ချောတာကိုလို့"

မိမိအားး​ပေါ်တင်ကြီးချီးကျူး​နေသည့် အန်တီ​ကြောင့် မင်းစက်
လူက​ခြေ​ထောက် နဲ့ ကြမ်းပြင် မထိ​တော့ သရောင်​ရောင် ဖြစ်​​နေသည်။

"သား​လေးက အသက်ဘယ်​လောက်ရှိပြီတုန်း၊နာမည်​လေးက​ရော"

"နာမည်ကမင်းစက်အာဏာပါခဗျ
ခုမှ၁၅နှစ်ဘဲရှိသေးတယ်အန်တီ ၉တန်းတက်​နေပြီဗျ"

Oh my god ၁၅နှစ်အရပ်ကငါ့ထက်ကို
ရှည်​နေပြီ......

မိမိ၏ ၅​ပေ ၅လောက်ဘဲရှိ​သော အရပ်သာ ပိုင်ပိုင်အပြစ်တင်ချင်​စိတ်​
ပေါက်မိသွားသည်။

သူ့အားကြည့်၍​မေးလာသည့် အန်တီ
လှလှကို မင်းစက်လဲအပြုံး​တွေနှင့်သာ
ပြန်​ဖြေလိုက်သည်။

"​အော်..အွန်းသား ဒီ​ဘေးက အန်တီရဲ့သားလေ ပိုင်ဟိန်းခန့်တဲ့ ကိုကို ကသားထက်၃နှစ်ကြီးတယ်​ ခုတက္ကသိုလ်ပထမ
နှစ်တက်​နေပြီ ဆေး​ကျောင်းမှာ"

"​အော်..ဟုတ်ကဲ့ဗျ"

"ဟယ်​တော်လိုက်တာ​ သားပိုင်က
အန်တီလို့ကိုမ​ခေါ်နဲ့​နော်
ခုကစပြီးအကြာကြီး
တူတူရှိသွားကြရမှာဆို​တော့ မားလို့​ဘဲ
တန်းခေါ်​​တော့နော် သားပိုင်"

"အာ...ဟုတ်ကဲ့အန်...အဲ....မား..ဟီးး"

​ဆေး​ကျောင်းတက်တယ်ဆိုကတည်းက မားတို့က​တော့ချက်ချင်း​​ပင် ၊
မင်းစက်ခမျာ ​မွေးစားသား
အဆင့်​သို့ ချက်ချင်းရောက်သွားသလို။

"သားပိုင် မင်းညီ​လေးကို ခြံ​နောက်က အပင်
တွေ လိုက်ပြပြီး ညီကိုနှစ်​ယောက်စကား​​လေးဘာ​လေး ပြော သွားး"

"ဗျာ"

"ဘာဗျာတုန်းးပိုင်ပိုင် မားဒီမှာ
မင်းရဲ့မားလေးကို မီးဖို​ချောင်ထဲ​တွေ​ရော ၊ အခန်း​တွေထဲ​ရော လိုက် ကြည့်ခိုင်းပြီးအကြံ​လေးဘာ​လေး​တောင်းမလို့လေ
မားမှာတစ်ယောက်ထဲတိုင်ပင်ပေါ်မရှိလို့..သွားပါ..အင်တင်တင်လုပ်မနေနဲ့..."

^My Bad Guy ^(Z&U)Where stories live. Discover now