~25~

26.9K 1.5K 56
                                    


အတိတ်သို့တူးဆွခြင်း(3)

ဘာလိုလိုနဲ့အချိန်တွေက ကိုကို့နားရှိနေ
စဥ်အတွင်းကို တရွေ့ရွေ့ပြောင်းလဲလာပါသည်။အချိန်ကာလတစ်နှစ်ကို
ကျော်ဖြတ်ဖို့ဆိုတာ
မင်းစက်အတွက်အရင်က သိပ်ကိုကြာရှည်လွန်းလှပါသည်။သို့ပေမယ့်ကိုကိုသူ့အနားသို့ ရောက်လာစဉ်ကာလကစပြီး သူ့အတွက်အချိန်တွေကသိပ်မြန်ပါသည်။ခုဆိုသူ၁၀တန်းဆိုသည့် အရွယ်သို့
ရောက်လာပြီဖြစ်သည်။မနက်ဖြန်ဆို သူ့ဘဝမှာကိုကိုနှင့်ပထမဆုံးခွဲရမည်ဖြစ်ပါသည်။
သူ မကြိုက်ပါ ကိုကိုနှင့်ဝေးရမည်ဆို
သည့်အရာကြီးကို။အိမ်မှာဘဲနေမည်ပြောသော်လည်း မားတို့ကလုံးဝမရ အိမ်မှာနေရင်း သူ့ရဲ့မတော်လိုက်ရသည့်
ဆေးကျောင်းသား​​​လေး ကိုကို့ကို
နှောက်ယှက်မည်ဆိုး၍ဆိုပြီး အတင်းအကြောင်းပြပြီးလွှတ်ပါသည်။ကိုကိုကလဲခုမှ ကောင်မလေးများရနေလားမသိ သူ့ကိုမတားတော့ပါ။အင်းပေါ့လေ သူတောင်နေနိင်တာဘဲ ကျွန်တော်လဲ
နေနိင်အောင်လုပ်ရမည်ပေါ့ မတက်နိင်ပေ။

"သားမင်းစက်ရေ..အကုန်ထုတ်ပိုးပြီးပြီလား..နောက်ကျနေမယ် စောစောသွားရအောင်..."

အဝတ်အစားတွေ အိတ်ထဲသို့​သေချာ
သူအကုန်ထည့်ပြီး မကြာမီ အောက်မှ
မာမီမားသားအသံ သူ့အခန်းထဲသို့ လွင့်ပျံလာပါတော့သည်။အမေတိုင်းအဲ့လိုအသံကောင်းကြတာလား ..အောက်ထပ်ကနေအော်တာ တစ်အိမ်လုံးကြားအောင်ထိက အင်း...တော်ရုံစကေးတော့မဟုတ်ပါ။

ထို့နောက်နောက်ထပ်မား အသံလွင့်ပျံမလာစေရန် စားပွဲခုံပေါ်က ဓာတ်ပုံဘောင်လေးတစ်ခုအား သူသွားယူလိုက်လေသည်။ဓာတ်ပုံထဲက
ကောင်လေးနှစ်ယောက်ကတော့ မျက်နှာပေါ်တွင် အပြုံးတွေကိုယ်စီနှင့်
တစ်ယောက်ကိုတစ်ယောက်လဲ ဖက်ထားရင်းပေါ့။မှတ်မှတ်ရရ
ဒီပုံလေးသည် သူ၈တန်းနှစ်
ဘတ်စကပ်ဘောမှာပထမဆုရတုန်းကပုံဖြစ်သည်။အဲ့တုန်းက ကိုကိုတို့ အစမ်းစာမေးပွဲ​တွေဖြေရသည့်နေ့ပေ။
ကိုကိုမလာဘူးထင်ပြီးသူ့မှာ ဆက်မဆော့ဘူးလုပ်ခဲ့သေးသည်။ သို့သော်ကိုကိုသည် စာမေးပွဲက
ဒီဟာမဖြေလဲဘာမှမဖြစ်ပါဘူးဆိုပြီး
စာသိပ်တော်သည့်ကိုကိုက သူ့အတွက်
လိမ်ညာမုသားသုံး၍အပြေးလာခဲ့ပါသည်။နောက်ထပ်ဘောင်လေးထဲက ဓာတ်ပုံတစ်ခုသည်ကတော့ ဆေးရုံမှာ
ပင်ဖြစ်သည်။မားတို့လိုလူကြီးတွေဆို
ရင်တော့ လာဘ်မရှိတာတွေ သိမ်းထားလို့ပြောမှာသေချာပင်။သူ့အတွက်ကတော့ သိပ်ကိုလာဘ်ရှိပီးသိပ်တန်ဖိုးထားရသည့်အရာပင်။ဓာတ်ပုံလေးကတော့ထွေထွေထူးထူးမဟုတ်ပါ။

^My Bad Guy ^(Z&U)Where stories live. Discover now