~9~

27.1K 1.9K 46
                                    

Unicode
ခုထိမင်းစက်တစ်​ယောက် အခန်းထဲသို့မ၀င်ရသေးပါ။၀ရံတာတွင် ​
ဆေးလိပ်ဖွာရင်းး တစ်​ယောက်ထဲ
အ​တွေးထဲနစ်​မြော​နေ​လေသည်။

ဟိုးအရင်​တွေချိန်တုန်းက
သူ​မေးခဲ့ဖူးသည်..

"ကိုကို ဘာလို့​ဆေး​ကျောင်းတက်ခဲ့တာ
တုန်းဟုပင်"

"အွန်း​... ပါးနဲ့​မားရယ် ​နောက်ထပ်
ကိုယ်ချစ်တဲ့သူ​တွေကို အနားက​နေ
ဂရုစိုက်​ပေးချင်လို့​ပေါ့..စက်ရာ"

"ဒါဆို ခုကျွန်​တော်​​ရောပါသွားပြီပေါ့
ကိုကိုဂရုစိုက်​ပေးမယ့်ထဲ.."

"ဟားးဟားး ဒါပေါ့ စက်ကပါးနဲ့မားပြီး
ရင် ဒီကမ္ဘာမှာအချစ်ရဆုံးသူ ငါ့အတွက်"

"​ကိုကိုလဲမနစ်နာစေရပါဘူး......
အပြန်အလှန်အ​နေနဲ့ ကျွန်​တော်ကလဲ
ဂရုစိုက်​ပေးမယ်​လေ .."

"ဟားး.ကျေးဇူးပါကွာ...ကတိ
လုပ်မယ်လေအာ့ဆို.."

လက်သန်းတစ်ဖက်ထောင်ပြီးမျက်နှာနားလာလုပ်ပြနေသည့်
ကိုကို့ကြောင့် သူပြုံးပြီး
ခေါင်းရမ်းလိုက်လေသည်။ဆေးကျောင်းသားကြီးမှဟုတ်ရဲ့လား..ကလေးကလားဗျာ..လို့ညီးမိရင်း​...

သူ့လက်သန်းတစ်ဖက်လဲ...တခြား
လက်လေးတစ်ခုပေါ်ကို..အဆင်သင့်
ချိတ်တွယ်ရင်းးး...

ဟိုးအတိတ်က....
ဆယ်ကျော်သက် ကလေးတစ်ယောက်ကတော့ လူလတ်ပိုင်းအရွယ်ကောင်လေး
တစ်ယောက်ကို အဲ့လို ကတိတွေ
အလွယ်တကူ ပေးခဲ့ဖူးသည်။

*******************************

ခုအဲ့ကတိကို​ ကျွန်​တော်​တော့မတည်နိင်​လောက်​ဘူး ထင်ပါတယ်။

အဲ့ချိန်က ကျွန်​တော်​လေးစားခဲ့သည့်
တန်ဖိုးထားခဲ့သည့်ကိုကိုက ခုလို​ မောင်​လိုက်​ခေါ်ပြီး
ကျွန်​တော့်အ​ပေါ်မရိုးသားသည့်
လူမှမဟုတ်တာ။

ကတိမတည်နိင်တာ ကျွန်​တော်မမှားဘူး
မဟုတ်လား...........

****************

"ဟို...မင်းစက်....အကိုအိမ်ပြန်​တော့
မယ်လို့ လာ​ပြောတာ "

ညီညီနိင်တစ်​ယောက် အခန်းထဲက
ထွက်ထွက်ချင်းချင်း၀ရံတာမှာ ​ရပ်​နေ
သည့်မင်းစက်ကိုမြင်၍ တစ်ခါထဲလာ
နှုတ်ဆက်လိုက်​လေသည်။

^My Bad Guy ^(Z&U)Where stories live. Discover now