"မောင်ရယ်..ပင်ပန်းပါတယ်...ငါပါလိုက်ခဲ့မယ်လေနော်..""ကိုကိုလိုက်ရင် ပိုပင်ပန်းတယ်..."
စူပုတ်ပုတ်လေးပြောလာသည့်မောင့်ကြောင့် ပိုင်ပိုင်ရင်ထဲထိတ်သွားရသည် ။
သူကမောင့်အတွက်ဘာလို့ပင်ပန်းစေသည်လဲ..."ဟင်...ဘာ..ဘာလို့လဲမောင်..."
"ဟူးး..ခုသွား ဖျော်ဖြေရမှာက တောင်ကြီးဘက်လေ အာ့မှာကအရမ်းချမ်းမှာ...
မောင်ဖျော်ဖြေနေချိန် ကိုကိုချမ်းနေရင်ဘယ်လိုလုပ်မလဲ..""ဘာ..ဆိုင်လို့တုန်းမောင့်ရဲ့.."
"မောင်ရင်ခွင်က ကိုကို့ရဲ့အနွေးဓါတ်လေးလေ မောင်မရှိတော့ ကိုကိုတစ်ယောက်ထဲချမ်းနေခဲ့မှာပေါ့ဟိုတယ်မှာ
မောင်ကပိုပီးစိတ်ပူပန်ရတာပေါ့ ကိုကိုရာ.."အူတူတူလေးနှင့် မျက်လုံးလေးကလည်လည်
ဖြင့် ခုထိဘာပြောမှန်းသေချာမသိသေးသည့် ရှေ့ကလူသားလေးအား ပါးလေးဖဲ့ပီး
အသဲတယားယားနှင့် ပြောလိုက်သည်။"ဟာ..လူကအကောင်းမှတ်လို့.."
ခုမှသဘောပေါက်သွားသည်ထင် လက်သေးသေးလေးများဖြင့် ရင်ဘက်ပေါ်သို့ ဖွဖွလေးလာထုပီး မျက်စောင်းလှလှလေးတွေပါ အစစ်ထည့်၍ လူကိုကြိုက်သလိုပြုမှုနေလေသည်။
"ဟာ..ဒါ..အကောင်းပြောတာလေဗျာ...."
"တော်ပီ..ဘေးဖယ်တော့..အ၀တ်တွေထည့်ရတော့မယ်..မနက်ကျ ကိုသုအစောကြီးလာခေါ်မှာမလား..."
မောင့်ကိုအတင်းတွန်းပီး ကုတင်ပေါ်ကအဝတ်တွေပေါ်သာ လက်များကို ပြန်ထားရလိုက်လေသည်။
"ကိုကို..."
"အွန်း..."
"ကိုကို..."
"အွန်းလို့.."
အဝတ်တွေထည့်ပေး ကုတင်ပေါ်တွင် သေချာပစ္စည်းများတင်ပီး အကုန်ထုတ်ပေးနေသည့်
သူကို နည်းနည်းလေးမှအားမနာ
အနောက်ကနေ
ခါးဖက်ပီး "ကိုကို " "ကိုကို" နဲ့ ခေါ်နေတဲ့
အဆိုးပေလေးမောင်...
YOU ARE READING
^My Bad Guy ^(Z&U)
Romance•^မောင်က ငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡ သိပ်ဆိုးလွန်းတယ်မောင်♡ •^မောင်ကငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡သိပ်ဆိုးလွန်းတယ်မောင်က♡