~5~

28.8K 2.2K 64
                                    

                 Unicode
"​မောင့်...စကား​တွေ တအားလွန်လာ
ပြီနော်..
ငါဘယ်​တော့မှ...​ကောင်း​ကောင်းဆက်ဆံခံရမှာလဲ....ဘာ​တွေအမှား​ကြီးများ လုပ်နေခဲ့မိလို့လဲ.."

ရင်ထဲမြိုသိပ်ရတာများလာ၍
မောင့်​ရှေ့ရောက်တိုင်း ထိန်းထား​နေကျ သူ့မျက်ရည်များ တားဆီးလို့မရပြိုကျလာ​လေသည်။

အဟက်..."ဘာ​တွေမှား​နေခဲ့မိလို့လဲ...
ဟုတ်လား ကိုယ့်ကို အကိုလို
သ​ဘောထားခဲ့တွယ်တာခဲ့သည့်
ကျွန်​တော့်ကို လူ​ယုတ်မာ​အောက်တန်းကျနည်းနဲ့အပိုင်သိမ်းကတည်းက ခင်ဗျား
သိပ်မှား​နေခဲ့တာ"

"ငါ...လိမ်ညာလှည့်စားတာ တစ်ခုမှမပါဘူး​မောင်... ငါ..ငါ..မင်းကိုချစ်မိခဲ့တာဘဲရှိတာပါ..အဲ့နေ့ကလဲ..မောင်ကအရင်.."

"တော်...တော်လိုက်တော့ခင်ဗျား
ပြီးတော့..အချစ်ဟုတ်လား...
ဟားဟားဟား ...သိပ်ရီရတာဘဲ..
အဲ့ချစ်ခဲ့တယ်ဆိုတာကိုက
ကျွန်​တော့်အတွက်
သိပ်မှားနေတာလို့ထင်ရင်ရော....ဟမ်!
ဘာအကြောင်းနဲ့မှ..ခင်ဗျား
ကျွန်တော့်ကိုချစ်စရာ
မလိုဘူးး..

ခင်ဗျားးခုချက်ချင်းရှေ့က​နေ
ထွက်သွားလိုက်တော့.....
ဒါမှမဟုတ် ကျွန်​တော်ထွက်သွားပေး
ရမလား"

လူက​ခေါင်းကပိုကိုက်လာပြီ
ဖြစ်တာ​ကြောင့်ထွက်သွားလို့​ပြောတာကိုထွက်မသွားဘဲ ငူငူကြီးနှင့်အ​ရှေ့မှာ လာငို​ပြနေသည့်လူ​ကြောင့် မင်းစက်​ဒေါသ​တွေပိုထွက်လာ​လေသည်။

"​တောက်စ်..!    ခင်ဗျားမသွားရင်..ကျွန်​တော်သွားမယ်..​​အေးး....ပြန်လာဖို့​တော့
မ​​မျှော်လင့်နဲ့ ..."

ခင်ဗျားရှိမည့် နေရာက.....
နတ်ပြည်ဆိုရင်... ..
sorryဘဲရှိသမျှ
အကုသိုလ်အကုန်လုပ်ပြီး....
ငရဲပြည်ဘဲ​​​ရောက်အောင်သွားမယ် ....
ငရဲပြည်က ယမမင်းမျက်ခွက်က...
ခင်ဗျားထက်တော့ ပိုအေးချမ်းဖို့ကောင်းမယ်ထင်တာမို့.....

"အားးးးးးးးးး"

​မောင့်ကားသံ​လေး ထွက်သွားတာ
ကြားသည်နှင့် မထိန်းနိင်​တော့​အောင် ခန္ဓာကိုယ်မှာပြိုလဲသွား၍
သူဒူး​ထောက်ပြီး အော်ဟစ်​ငို​​ကျွေးမိ​တော့သည်။

^My Bad Guy ^(Z&U)Where stories live. Discover now