Part - 4

198 17 0
                                    

[Unicode]-----

"ပန်းခင်းထဲက အချစ်"


ဒေါက်‌.....ဒေါက်.....ဒေါက်.....

" သား အဖေ ဝင်လာခဲ့မယ်နော် ....."

" ဟုတ်အဖေ သား...တံခါးကို လော့ခ် မချထားဘူး.."

လီမင်ဆော့က ရှောင်းကျန့်အား ရှောင်ပိုင်အခန်းသို့ လိုက်ပို့ပြီး အပေါ်ထပ် ရိပေါ်အခန်းသို့လာခဲ့၏။

" သား....ဒီနေ့ သားမမတို့ အိမ်ကိုလာလည်ဖို့ရှိတယ် ခဏနေရင်ရောက်တော့မှာ အဲဒါသားကိုသူတွေ့နဲ့တွေ့ပေးဖို့ လာခေါ်တာ.."

လီမင်ဆော့၏ စကားကြောင့် ‌ရိပေါ် အံ့ဩသွား၏။လူမှန်းသိတတ်စအရွယ်မှစကာ အိမ်သို့ တစ်ဦးတစ်ယောက်ထြသော မမဆိုသူမှာ မလာဖူးပါချေ။
မမဆိုသူ၏ နာမည်တောင် လီမင်ဆော့က သိဖို့မလိုဟုပြောခဲသောကြောင့် သူမသိခဲ့ရ။ အမေဖြစ်သူ ဂင်အွန်းဂီကလည်း သိဖို့မလိုသေးဟု‌ တစ်ခွန်းပြောလိုက်ကတည်းက ရိပေါ် စိတ်မဝင်စားခဲ့ပါ။ အဒေါ်ဖြစ်သူ၏ နာမည်ကိုတော့ အဖေပြောပြထား၍ သိနှင့်နေပြီ။

လီယူရီ တဲ့ ။ဒါဆို သူရဲ့သမီးကရော ....။

"ဘာတွေ တွေးနေတာလဲ လလာလေ ....သား အောက်ထပ်.သွားရအောင်....."

လီမင်ဆော့၏ စကားသံကြားမှသာ ရိပေါ်၏ သတိပြန်ဝင်လာ၏။

"ဟုတ်ကဲ့ ....အဖေ "

လီမင်ဆော့နှင့် ရိပေါ်တို့သည် အခန်းမှ ထွက်ကာ အောက်ထပ်သို့ဆင်းလာခဲ့၏။

" အစ်ကိုလေး ခြံရှေ့မှာ အစ်ကိုလေးပြောထားတဲ့ ဧည့်သည်တွေ ရောက်နေပါပီ "

ရှောင်းကျန့်ကို ရေဘူး တည်နေရာပြောပြီးသွားသော အဒေါ်ကြီးက လှေကားသို့အတက်တွင် ရိပေါ်နှင့် လီမင်ဆော့အား တွေ့သဖြင့် ပြောလိုက်၏။

" ဟုတ်လား ..... အဲ့တာဆို သား.....လာ မြန်မြန်ဆင်းရအောင်....."

လီမင်ဆော့က အလျင်လိုသော လေသံဖြင့် ရိပေါ်အား ဆိုသည်။သူတို့ သားဖနှစ်ယာက် အောက်ထပ်မှ အသံတချို့ကို ကြားလိုက်ရ၏။

" မေမေ.....သူက ရိပေါ်လား "

ရှောင်းကျန့် ဧည့်ခန်းထဲကဖြတ်သွားတော့ အသံလာရာဘက်အဝင်တံခါးရှိရာသို့လှည့်ကြည့်မိသည်။ အိမ်တော်၏ အဝင်တံခါးရှေ့၌ အမျိုးသမီးတစ်ဦးနှင့် သူ၏ သမီးဖြစ်ဟန်ရှိသူသည် သူ့အားကြည့်နေသည်ကို သိလိုက်ရသည်။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now