Part - 13

69 12 0
                                    

[Unicode]-----

" နေ့သားကျအောင် နေရမယ်"

လီမင်ဆော့က ဝမ်ရိပေါ်တစ်ယောက်တည်းကိုပဲ အပြင်ထွက်ခွင့်မပေးခြင်းဖြစ်သည်ဟု ရှောင်းကျန့်ထင်ထားသည်။ သူ(လီမင်ဆော့)၏ အယုံအကြည်များအရ လီမင်ဆော့က ဝမ်ရိပေါ်ကို အပြင်ထွက်ခွင့်မပေးတာကတင် အရမ်းကို ရက်စက်ရာကျနေပီဖြစ်၏။လီမင်ဆော့က သူ၏အယုံအကြည်တစ်ခုအတွက်နဲ့ ရိပေါ်ကို လောကသဘာဝ၏ အလှတရားများအား တွေ့မြင်ထိတွေ့ခံစားခွင့်ကို တားမြစ်ခဲ့သည်။ထိုသူမှာလည်း အခြားသူမဟုတ် သူ၏ ချစ်လှစွာသော တစ်ဦးတည်းရှိသည့် သားတစ်ယောက်ဖြစ်၏။ တစ်ဦးတည်းရှိသော သားကို အိမ်ထဲတွင် လူမှန်းသိတတ်စအရွယ်မှစကာ ပိတ်လှောင်ထားခဲ့လေ၏။

Entertainment တည်ထောင်သူတစ်ဦးဖြစ်သည့် လီမင်ဆော့လိုလူချမ်းသာမျိုးတွင် အချောအလှ ရုပ်ရှင်မင်းသမီးဖြစ်သည့် ဇနီးသည်လေးနှင့် အများမမြင်နိုင်သည် သားတစ်ယောက်ရှိသည်ကို လူတိုင်းသိကြသည်။ငယ်ရွယ်သူသားဖြစ်သူကလည်း အဖေဖြစ်သူကဲ့သို့ ထက်မြက်သည်ကိုလည်း လူတိုင်းသိကြသည်။လူချမ်းသာတစ်ဦး၏ အတွင်းရေးကို လူတိုင်းသိချင်ကြသည်မှာ အသေအချာ။လီမင်ဆော့၏ အရှိန်အဝါကြောင့် ဘယ်သူမှ သူ၏အတွင်းရေးကို မလိုက်နိုင်ပါချေ။လိုက်ဖို့ကြိုးစားသူများ ရှိသော်လည်း မအောင်မြင်ခင်မှာတင် လီမင်ဆော့၏ လက်ထဲသို့ ရောက်သွားကြောင်းကို သတင်းအချို့တွင် ဖော်ပြဖူး၏။

လီမင်ဆော့က သူ၏ သားနှင့် ပတ်သတ်လာသူမှန်သမျှကို အလွတ်ပေးမည်မဟုတ်ချေ။သူကိုယ်တိုင်၊သူ၏ဇနီးနှင့် အိမ်အကူအဒေါ်ကြီးတို့ကသာ သူစိတ်ချရသော သူများဖြစ်ကြသည်။ရှောင်ပိုင်ဆိုသည်မှာ မနေ့တစ်နေ့ကမှ သူ(လီမင်ဆော့)၏ အိမ်ကိုရောက်လာသော သူစိမ်းတစ်ယောက်သာသာဖြစ်၏။ဆိုဂျွန်ဆိုသည့် ရှောင်းကျန့်မှာလည်း ထို့နည်းတူပင် ဤအိမ်တော်မှ အပြင်ကို ထွက်နိုင်ရန်မှာ မဖြစ်နိုင်ပါချေ။သူက လီမင်ဆော့၏ အမြင်တွင် စက်ရုပ်တစ်ရုပ်သာဖြစ်သောကြောင့် အခြေနေမှာ အသိအသာပင် ။ စက်ရုပ်တစ်ရုပ်က ဘယ်လိုလုပ် အပြင်ထွက် သွားလာစရာလိုမှာလဲ။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now