Part - 5

156 14 0
                                    

[Unicode]-----

"ခံစားချက်များက ကောင်းလား မကောင်းဘူးလား မသိ"

ဒုန်း..ဒုန်း....ဒုန်း..ဒုန်း....ဒုန်း..ဒုန်း....

ဘယ်သူ့ဆီကမှန်းမသိတဲ့ ရင်ဘက်ထဲရှိ နှလုံးခုန်သံတို့က စည်းချက်မညီမညာထွက်လာတော့၏။ ဝင်လေထွက်လေများက ပြင်းပြလျက်။မျက်ဝန်းနှစ်စုံက ‌တစ်စုံကို တစ်စုံက ကြည့်လို့နေ၏။ပန်းရနံ့လေးများက သူတို့၏ အသံရှုသံပြင်းပြင်းများကြားဖြတ်ပြေးရာ၏။

ရင်ခုန်သံများက ထိန်းမရအောင် ဆူညံလာတော့၏။ရင်ခုန်သံများကြောင့်လားတော့မသိ ပန်းပင်များက ပျော်ရွှင်စွာ ယိမ်းထိုးလာ၏။

" အစ်ကို ဒုန်းဒုန်း ဒုန်းဒုန်း ဆိုပီးကြားနေရတယ် ....အစ်ကိုရော ကြားရလား "

ရိပေါ်၏ လက်များဖြူဖွေးဖွေးတို့က ရှောင်းကျန့်၏ ပန်းနုရောင်မျက်နှာလေးဘေးဖက်တွင် တစ်ဖက်တစ်ချက်ထောက်လျက်သားဖြစ်နေ၏။သူ၏ လုံးဝန်းနေသောမျက်ဝန်းလေးများက အကြည်ဓာတ်လေးအလား တောက်လဲ့လှပစွာ။ပန်းနုရောင် နှုတ်ခမ်းဖျားလေးများက ပွင့်ဟလျက်။ရင်ဘက် အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်လို့နေ၏။

အပေါ်မှာထပ်လျက်ကျနေတဲ့ ကောင်လေးကလည်း မျက်နှာဖွေးဖွေး နဖူးပေါ်၌ ချွေးသီးချွေးပေါက်ကြီးငယ်ဖြင့် မောဟိုက်နေပုံထင်ရ၏။ သူ၏ ရင်ဘက်ကလည်း အောက်မှ လဲလျောင်းနေတဲ့ ကောင်လေးကဲ့သို့ နိမ့်ချည်မြင့်ချင်ဖြင့် အသက်ပြင်းပြင်းရှူနေပုံထင်ရ၏။မျက်ဝန်းများကလည်း အနည်းငယ် ကျယ်နေခဲ့၏။

ဒုန်း..ဒုန်း..ဒုန်း..ဒုန်း....

" အား...ရိပေါ် !.... ငါ..နာနေပီ .."

ရိပေါ် ရှောင်းကျန့်၏ရုတ်တရက် ဆိုလိုက်သောစကားကြောင့် သတိပြန်ဝင်လာကာ အလျင်ထ၍ ရှောင်းကျန့်အား ထူလိုက်၏။

" ဘယ်နားက နာတာလဲ ..အစ်ကို ..အစ်ကို ကျွန်တော်နဲ့တော့ မခိုက်မိဘူးမဟုတ်လား "

" အင်း......မခိုက်မိဘူး....ကျောအောက်ကနာတာ"

အစ်ကို..အစ်ကို..နဲ့ကွာ...အသက်ရှူတောင် ကြပ်ချင်လာပီ..။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now