Part - 14

77 10 0
                                    

[Unicode]------

" ပုန်းကွယ်နေသော အချောလေးများနှင့် တွေ့ဆုံခြင်း "

မနက်ဖြန်ဆို ဝမ်ရိပေါ်က စာမေးပွဲဖြေရတော့မည် ဖြစ်၏။ ဒီနေ့တော့ ဂင်အွန်းဂီက ဝမ်ရိပေါ်၏ စာမေးပွဲကြောင့် ရိုက်ကွင်းမသွားပဲ အိမ်မှာသာနေကာ အလုပ်ကို ဖြတ်ထားလိုက်၏။ လီမင်ဆော့ကတော့ ကုမ္ပဏီတွင် အလုပ်အနည်းငယ်ရှိသောကြောင့် မနက်အစောကတည်းက ကုမ္ပဏီကို သွားတာဖြစ်၏။စောစောပြန်လာမည် ဟုလည်း မှာသွားသေး၏။ ရှောင်ပိုင်ကလည်း ဒီနေ့အပြင်မထွက်ပဲ အိမ်၌သာနေ၏။အဒေါ်ကြီးကလည်း အိမ်တော်ကို သန့်ရှင်းရေးလုပ်လို့နေ၏။အဒေါ်ကြီးနှင့်အတူ အိမ်တော်၏ အစောင့်များကပါ သန့်ရှင်းရေး ကူလုပ်နေကြသည်။

ရှောင်းကျန့်နှင့် ရိပေါ်ကတော့ အိမ်အပေါ်ထပ်ရိပေါ်၏အခန်း၌သာ ရှိနေကြသည်။လီမင်ဆော့က ရိပေါ်စာမေးပွဲဖြေရန် တစ်ရက်အလိုရက်တိုင်းတွင် ရိပေါ်အား စာများကို မလေ့လာစေပဲ အနားယူခိုင်းထားတတ်သည်ကို ရှောင်းကျန့် သိထား၏။ ရိပေါ်က အခန်း၏ ပြတင်းပေါက်များမှတဆင့် မြင်နေရသော ကောင်းကင်ပြာကြီးနှင့် ဖြူဖွေးဖွေးတိမ်လွှာများကို ငေးကြည့်နေ၏။ ရှောင်းကျန့်ကတော့ ကံကောင်းတယ်ဟုလည်းမဆိုနိုင် ကံဆိုးသည်ဟုလည်း ပြောလို့မရသော ရိပေါ်ကို ငေးကြည့်နေ၏။

ထိုအချိန်တွင် အခန်းအပြင်တံခါးရှေ့မှ တံခါးခေါက်သံက ထွက်လာ၏။ရိပေါ်က တံခါးခေါက်သံလာရာသို့ လှည့်ကြည့်လိုက်ရာ ရှောင်းကျန့်က သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။သို့သော် ရိပေါ်ကရှောင်းကျန့်အား စကားပြောချိန်မရလိုက်ပါချေ။ အပြင်မှ တံခါးခေါက်သူမှာ အခန်းထဲသို့ဝင်လာပီဖြစ်သဖြင့် ရိပေါ်က အမြန် ဆိုဖာသို့သွားကာ ဝင်ထိုင်လိုက်၏။ရှောင်းကျန့်လည်းအတူ ဆိုဖာတွင်ရှိနေ၏။

ဂင်အွန်းဂီက မျက်ဝန်းကလေးများက တောက်ပလျက် အပြုံးချိုချိုတို့ပန်ဆင်ကာ အခန်းထဲရိပေါ်တို့ရှိရာနေရာသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာ၏။သူမက မြင်ရသူတို့အဖို့ စိတ်နှလုံးဘဝင်ကို အေးမြစေသော အလှကို ပိုင်ဆိုင်ထား၏။ သူမက ပန်းနုရောင်နှုတ်ခမ်းနီကို ပါးပါးဆိုးကာ make up ကိုလည်း ပါးပါးလိမ်းခြယ်ထား၏။ သူမ၏ ဆံပင်ကောက်ကောက်လေးများကို ပုခုံး၏တစ်ဖက်တွင် စု၍ချထားသည်မှာ သူမှ၏လည်ပင်းအလှကို ပေါ်တွင်စေ၏။ပန်းနုရောင် ဂါဝန်က သူမ၏လှပသောခန္ဓကိုနှင့် ကွက်တိဖြစ်နေသောကြောင့် သူမ၏ ကိုယ်ခန္ဓာအလှအပကို ပေါ်လွင်စေ၏။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now