Part - 25

88 8 4
                                    

[Unicode]------

" ပါတီ"

" ဒါပေမယ့် သခင်လေးက ဒီနေ့ သူ့အတွက် အထူးဟင်းပွဲကို ဆိုဂျွန်လေးကို ပြင်ဆင်ခိုင်းထားပါတယ်..."

စာဖိုမှူးကြီးက ပြုံးရယ်ရင်းဖြင့် ရှောင်းကျန့်ကို ကြည့်ကာဆိုလိုက်၏။ရှောင်းကျန့်မှာ အံ့ဩလွန်း၍ နေရာတွင် ကျောက်ရုပ်ကဲ့သို့ ရပ်နေမိလေသည်။

ဘယ်လိုလုပ် အဲတာမျိုးကို သူ့ကိုလုပ်ခိုင်းရတာလဲ...။ ပါတီအတွက် အထူးဟင်းလျာတဲ့...သူက ရိုးရိုးမုန့်လုပ်စားတာမျိုး တရုပ်အစားစာချက်ပြုတ်တာမျိုးလောက်ပဲ လုပ်ဖူးတာ ...။အဲတာမျိုးတွေ ဘယ်လိုလုပ် လုပ်ဖူးမှာလဲ..။ငါ့ကို စိတ်ဆိုးပီး ဒီလိုလုပ်ခိုင်းလိုက်တာလား..။ ငါကို့ အရှက်ခွဲချင်နေတာတော့ မဟုတ်ဘူးမလား။

" ဘာဖြစ်လို့လဲ ဆိုဂျွန်လေး.."

စားဖိုမှူးကြီးက ရှောင်းကျန့်အနားကိုလားပြီး ရှောင်းကျန့်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်မှ ရှောင်းကျန့် သတိပြန်ဝင်လာသည်။

" အာ..ကျွန်တော် ဘာမှမဖြစ်ပါဘူး...ရိပေါ်က ကျွန်တော့်ကို သူ့ရဲ့ အထူးဟင်းလျာကို ကျွန်တော့်ကို ချက်ခွင့်ပေးတယ်ဆိုတော့ ကျွန်တော်လည်း စိတ်လှုပ်ရှားသွားတာပါ.."

ရှောင်းကျန့်၏စကားကိုကြားတော့ စားဖိုမှုးကြီးက သဘောတကျရယ်တော့သည်။ပန်းကန်များ ဆေးကြောနေသည့် ကောင်လေးကပါ ပြုံးလျက် ရှောင်းကျန့်ကို ကြည့်လာသည်။

" စက်ရုပ်လေးက စိတ်လှုပ်ရှားတတ်တာပဲ..."

စားဖိုမှူးကြီး၏ စကားကြောင့် ရှောင်းကျန့်မှာ သူပြောသည့်စကားများကို ပြန်စဉ်းစားမိတော့သည်။သူ စိတ်လှုပ်ရှားကြောင်းကို ပြောမိလေသည်။ သူသည် စက်ရုပ်တစ်ရုပ်ဖြစ်သောကြောင့် ခံစားမှုမရှိနိုင်သည်မှာ ကလေးများကတောင် သိနိုင်လေသည်။သူအမှားလုပ်မိလေပြီ။

" ကျွန်တော့်အတွက် ပြင်းထန်တဲ့ ခံစားမှုဆိုရင်တော့ ကျွန်တော်က ခံစားလို့ရပါတယ်..."

ရှောင်းကျန့်မှာ စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေရှင်းလိုက်ရသည်။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now