Part - 20

72 8 2
                                    

[Unicode]-----

" တားမြစ်ချက်ကို ချိုးဖောက်"

ည၁၂နာရီအချိန်ရောက်တော့ ရှောင်းကျန့်၏ ဖုန်းက နိုးစက်မြည်လာပီဖြစ်၏။နိုးစက်သံကြောင့် ရှောင်းကျန့်က နိုးလာသော်လည်း ရိပေါ်က မနိုးသေးသဖြင့် နိုးစက်အမြန်ပိတ်ဖို့ စားပွဲပေါ်ရှိဖုန်းကိုလှမ်းယူရန်ပြင်သည်။သို့သော် သူ၏ ခေါင်းအထက်၌ လေးနေသည့်အရာတစ်ခုက ဖိထားသဖြင့် သူထ၍မရဖြစ်နေ၏။ သူ၏ ဦးခေါင်းအထက်၌ ရိပေါ်၏ ဦးခေါင်းက ရှိနေပီး သူ့အားမှီထားခြင်းဖြစ်၏။ မဟုတ်သေး သူက ရိပေါ်၏ ပုခုံးနိမ့်နိမ့်ကို အရင်မှီချထား၍ကြောင့်သာ ရိပေါ်က သူ၏ ခေါင်းပေါ်သို့ မှီလာခြင်းဖြစ်၏။

" ရိပေါ်....ရိပေါ်...ရိပေါ်.."

ရှောင်းကျန့် ရိပေါ်ကို သာသာလေးလှုပ်နှိုးလိုက်၏။ ရိပေါ်က ချက်ချင်းနိုးလာပီး ခေါင်းထောင်လာတော့မှ ရှောင်းကျန့် သူ၏ဖုန်းအား နိုးစက်ပိတ်လိုက်၏။

" ၁၂နာရီ ထိုးပီလား..အကို.."

ရိပေါ်က အိပ်ရာထထချင်းတွင် တခြားစကားမပြောပဲ ဤစကားကိုမေးလာ၏။

" အင်း.. မွေးနေ့မှာ ပျော်ရွှင်ပါစေ ရိပေါ်..."

ရှောင်းကျန့် အိပ်ချင်နေတာမျိုးမဖြစ်ပဲ လန်းလန်းဆန်းဆန်းဖြင့် ပြောလိုက်၏။ရိ‌ပေါ်၏ အိပ်ချင်နေသော မျက်လုံးများကတောင် ပြူးကျယ်လာကာ ပါးစပ်အဟောင်းသားလေးနှင့် ရှောင်းကျန့်ကို ကြောင်ကြည့်နေမိ၏။သူ့အတွက် ဤစကားက ပထမဆုံးကြားဖူးတာမဟုတ်သော်လည်း ထူးဆန်းနေ၏။နှစ်စဉ်နှစ်တိုင်း မွေးနေ့ရောက်လျှင် မွေးနေ့ပွဲကျင်းပချိန် ည၆နာရီ ၇နာရီလောက်မှသာ ဤစကားကို လူ လေးငါးယောက်လောက်ဆီမှ ကြားဖူးတာဖြစ်သော်လည်း ရှောင်းကျန့်ဆီမှ ကြားရသော ဤတစ်ခွန်းက အနည်းငယ်တော့ ရင်ခုန်စေ၏။

" ရိပေါ်..မင်းအိပ်ချင်နေတုန်းလား..."

ရှောင်းကျန့် ရိပေါ်၏ ပုခုံးကိုကိုင်ကာ မေးလိုက်၏။

" ကျွန်တော် မအိပ်ချင်တော့ဘူး.."

ရိပေါ်က ခေါင်းရမ်းရင်းဖြေလိုက်သည်။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now