Part - 3

240 19 0
                                    

[Unicode]-----

" ငါမင်းကို ယုံကြည်ကြည့်မယ် "

အခန်းအဝင်အဝ၌ လူသားစက်ရုပ်ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့အကြား တိတ်ဆိတ်မှုက ကြီးစိုးလျက်။

ဒီလူက ဘာကိစ္စ ငါ့ကိုဝမ်လေးလို့ခေါ်ရတာလဲ.. ။

ရိပေါ်က သူ၏မျက်လုံးများကို မှေးကျဉ်းကာ စဉ်းစားဟန်ဖြင့် သူ၏အရှေ့ရှိစက်ရုပ်လူသားအား အကဲခတ်ကြည့်ရှုလို့နေသည်။လူသားစက်ရုပ်ရှောင်းကျန့်ကလည်း အလွတ်မပေးပဲ ပြန်စိုက်ကြည့်လိုက်၏။
သူတို့တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြသည်မှာ မိနစ်ပိုင်းမျှ ကြာသွားသည်။လှေကားဖက်မှ အသံကြားသောကြောင့် နှစ်ယောက်သား လှည့်ကြည့်မိရာ ရှောင်ပိုင်နှင့်အတူ လီမင်ဆော့ကို တွေ့လိုက်ရ၏။ရိပေါ်အတွက်တော့ ရှောင်ပိုင်က သူစိမ်းဖြစ်၏။

" သား....အဲတာသားအတွက် လူသားစက်ရုပ်သစ်လေ "

" ဘယ်လိုလဲ သဘောကျရဲ့လား "

အပေါ်ထပ်သို့ တက်လာသော လီမင်ဆော့က အခန်းဝတွင် ရပ်နေသော သားဖြစ်သူထံသို့ ပြောလာ၏။ရိပေါ်ကတော့ မဖြေပဲ စက်ရုပ်အားထူးဆန်းစွာကြည့်နေမိသည်။ရိပေါ်၏ မျက်ဝန်းအကြည့်တို့က လူသားစက်ရုပ်ဆီမှ တစ်လက်မလေးတောင်မခွာနိုင်ပဲ ခေါင်းအစ ခြေအဆုံးကြည့်လျက်။

ဤလူသားစက်ရုပ်၏ ဆံပင်‌အရောင်မှာ ညိုညက်ညက်အသားရေနှင့် လိုက်ဖက်အောင် အနက်ရောင်အားဖန်တီးထားသည်။မျက်ခုံးမွေးကလေးများက မထူပေမယ့်လည်း ပါးမနေခဲ့။မျက်လုံးကလေးများက ရွှန်းရွှန်းစိုကာ မျက်ရစ်မှာလည်း နှစ်ထပ်ရှိ၏။ဤစက်ရုပ်က အတော်ပင်ကြည့်၍ကောင်းသည်။ နှာတံမှာ ခပ်မြင့်မြင့်။ထူလည်းထူမ‌ေနသလို ပါးလည်းပါးမနေခဲ့သည့် နှုတ်ခမ်းသားလေးများက ပန်းနုရောင် သန်းလို့နေသည်။အရပ်အမောင်းက ရိပေါ်နှင့်တန်းတူဖြစ်လို့နေသည်။ခန္ဓာကိုယ်က အရမ်းပိန်နေတာမျိုးမဟုတ်။ရုပ်ရည်မှာလည်း ရိပေါ်နှင့်ရွယ်တူဟုထင်ရသည်။

ရုတ်တရက် ဝမ်ရိပေါ် မိမိကိုယ်ကို အံ့ဩမိပါ၏။ သူက စက်ရုပ်တစ်ရုပ်ကို ဝေဖန်အကဲဖြတ်နေတာပဲ။သူဒီလိုမျိုး ဘယ်သူ့အပေါ်မှာမှ မပြုလုပ်ဖူး။ ရိပေါ် သူ၏မျက်လုံးများကို စက်ရုပ်မှ အကြည့်ခွာကာ အဖေဖြစ်သူ၏ စကားကို မဖြေပဲ အခန်းထဲသာ ပြန်ဝင်သွားတော့သည်။ရှောင်ပိုင်နှင့် လီမင်ဆော့မှာ ရိပေါ်၏မျက်နှာအနေအထား ရိပေါ်က စက်ရုပ်ကို သဘောမကျဟု ကောက်ချက်ချမိ၏။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now