Part - 18

56 10 2
                                    

[Unicode]-----

" အိမ်တွင်းပါတီဝင် စုံတွဲ"

" ရိပေါ်..မင်းခုထိ မထသေးဘူးလား..နောက်ကျနေပီ ထတော့.."

ရှောင်းကျန့် အောက်ထပ်မှ ပြန်တက်လာကာ အခန်းထဲဝင်တော့ ရိပေါ်က မထသေးပဲ ဆက်အိပ်နေသည်ကို တွေ့သောကြောင့် ရိပေါ်နားအမြန်သွား၍ နိုးလိုက်၏။ တအင်းအင်းတအဲအဲနှင့် လုပ်နေသည်မှာ ရိပေါ် အိပ်ရာမှ မထချင်သေးကြောင်းကို သိသာစေ၏။

" ထတော့..မင်းကို ပြောစရာရှိတယ်.."

ရှောင်းကျန့်၏ စကားကိုကြားတော့ ပေအိပ်နေတဲ့ ရိပေါ်က မပွင့်သေးတဲ့ သူ၏ မျက်လုံးများကို သူ၏လက်ဖမိုးများနှင့် ပွတ်သပ်ကာ ရှောင်းကျန့်အား အိပ်မှုန်စုတ်ဖွားနှင့် ထ၍ ကြည့်လာ၏။

" ဘာပြောမလို့လဲ.."

" မင်းခါတိုင်းဆို ဒီချန်ထိမအိပ်ပါဘူး..ဘာလို့ဒီနေ့မှ အဲလောက်အိပ်နေတာလဲ..ပီးတော့ စာမေးပွဲပီးတာနဲ့ မင်းရဲ့ နေစဉ်လုပ်ငန်းဆောင်တာတွေက မလုပ်ရတော့ဘူးလား..ဟမ်..ထတော့အခု.."

ရှောင်းကျန့်က ဆူသလိုနှင့် အနည်းငယ် အသံကျယ်ကာ ပြောလိုက်၏။

" အွန်.....အဲတာပြောမလို့လား..အဖေက စာမေးပွဲပီး တစ်ပတ်လောက် လွတ်လပ်ခွင့်ပေးထားတယ်..."

ရိပေါ်က အိပ်ချင်မူးတူးသံဖြင့် ပြောကာ မျက်လုံးများကို မှိတ်၍ အိပ်ရာပေါ်သို့ အသက်မရှိသည့် အရုပ်တစ်ခုနှယ် ပြန်လည် လှဲချသွား၏။ရှောင်းကျန့် လီမင်ဆော့ပြောထားသည့် ရိပေါ်ကို စာမေးပွဲအပီး တစ်ပတ်အတွင်း မွေ့နေ့လည်း ရှိတာကြောင့် တစ်ပတ်နားခွင့် ရှိသည်ဟု ပြောထားသည်ကို မေ့နေခဲ့၏။အဲတာကိုသာ သူမနက်အိပ်ရာနိုးတုန်းက သတိရခဲ့ရင် ဒီလိုစောစောထခဲ့မှာမဟုတ်..။ဒါပေမယ့် စောစောထခြင်းရဲ့ အကျိုးရလဒ်ကတော့ တကယ်ကိုကောင်းသည်။ သူစီစဉ်ထားသည့်ကိစ္စက အစပိုင်းတော့ အောင်မြင်သွားပီဖြစ်၏။

ရှောင်းကျန့် ပြန်အိပ်ဖို့ပြင်နေတဲ့ ရိပေါ်ရဲ့ လက်တစ်ဖက်ကို သူပြန်ဆွဲကာ ရိပေါ်အားထူလိုက်၏။ ရိပေါ်က ရှောင်းကျန့်ဆွဲရာသို့ မျက်လုံးမဖွင့်ပဲ မှိတ်လျက်ဖြင့် ပါလာ၏။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now