Part - 1

1.1K 41 0
                                    

[Unicode]------------

"အတိတ်၏ မှတ်ဉာဏ်များ"


ကိုးရီးယားနိုင်ငံ နာမည်ကြီး ထိတ်တန်းသူဌေးများ စာရင်းတွင် လီဂျွန်ယောင်းမှာ ထိတ်ဆုံး နံပါတ် တစ်နေရာတွင်ရပ်တည်နေ၏။ ။ YB entertainment နှင့် JY entertainment နှစ်ခုအားပိုင်ဆိုင်ပြီး entertainmentနှစ်ခုမှာ အခြေနေတူစွာ အောင်မြင်လျက်ရှိသည်။Entertainment နှစ်ခုလုံးမှာ နာမည်ကြီးပီး ထိုနှစ်ခုမှ မွေးထုတ်ပေးသော အနုပညာရှင်များကလည်း အရည်အချင်းမှာ အပစ်ပြောစရာ မရှိလောက်အောင် ဖြစ်သည်။ ထိုEntertainment နှစ်ခုမှDebut လုပ်လိုက်သော အနုပညာရှင်မှန်သမျှမှာ နာမည်ကျသွားခြင်းမရှိ အောင်မြင်နေကြ၏။

နည်းပညာများ တိုးတက်နေသော ခေတ်ကြီးတွင် လီဂျွန်ယောင်းမှာ နက္ခဗေဒပညာကို အလွန်းအမင်းယုံကြည်သူ ဖြစ်၏။လီမျိုးနွယ်စု၏ မျိုးရိုးစဉ်ဆက် ယုံကြည်ကိုးကွယ်မှုမှာ သားသမီးများလက်ထက်အထိပင်။

လီမင်ဆော့နှင့် လီယူရီ တို့မှာ အဖေဖြစ်သူ လီဂျွန်ယောင်း၏ ကျန်းမာရေးကြောင့် အဖေအနားတွင် ပြုစုစောင့်ရှောက်နေရသည်။

" ဘတ်ဟွန်းကို ခေါ်ပေး"

တိတ်ဆိတ်နေသော အခန်းအတွင်းဖြစ်သောကြောင့် တိုးဖွဖွပြောရုံဖြင့် ကြားရသဖြင့် အဖေဖြစ်သူ၏ အသံဖြင့် လီမင်ဆော့ ရော လီယူရီပါ ထိုင်ရာမှ ထလာကြသည်။

" အဖေ ...အဖေ ..ဘတ်ဟွန်းကို ခေါ်ခိုင်းတာလား "

လီမင်ဆော့သည် အဖေဖြစ်သူ၏ လက်ကို ဖွဖွကိုင်ကာ ပြောပြီးသည်နှင့် ဖုန်းထဲရှိ ဖုန်းနံပါတ်တစ်ခုအားနှိပ်လိုက်သည်။

" ဟယ်လို .....ဘတ်ဟွန်း......အဖေက မင်းကိုတွေ့ချင်နေတယ် အဲတာကြောင့် လာခဲ့ပေးနိုင်မလား "

လီမင်ဆော့က အဖေဖြစ်သူကို တုန်နေအောင်ချစ်သူဖြစ်ပြီး အမြဲတမ်းဆိုသလို လီဂျွန်ယောင်း၏ ကိစ္စမှန်သမျှကို လီမင်ဆော့သာ လုပ်ကိုင်ပေးလေ့ရှိ၏။လီဂျွန်ယောင်းက သားဖြစ်သူကို ပို၍ ယုံကြည်သူဖြစ်၏။

" အရေးကြီးနေမယ်ထင်တယ် ငါအမြန်လာခဲ့လိုက်မယ် "

" အိုခေ"

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now