Part - 7

101 13 0
                                    

[Unicode]-----

"ကျွန်တော် သူ့ကိုသဘောမကျဘူး"

မှောင်ရီပျိုးစအချိန်ကို ကျော်လွန်၍ညပိုင်းထဲရောက်လာပီဖြစ်သော်လည်း မီးအလင်းရောင်တို့ကြောင့် လျှောက်လမ်းမှာ ရှင်းရှင်းလင်းလင်း ဖြစ်ကြောင်းကို ရှောင်းကျန့်သိ၏။ သူလို့မျက်မှန်တက်သူအဖို့လည်း မျက်မှန်မပါပဲနဲ့တောင် ကောင်းကောင်းမြင်နိုင်၏။ သို့သော် လမ်းမြင်လျက်နှင့် ရှောင်းကျန့် လမ်းပျောက်မိ၏။

" အာ....မြန်လိုက်တာ.... ဘယ်ရောက်သွားတာလဲ....."

စိတ်တိုကာ ဒေါနှင့်မောနှင့် ခြေလှမ်းကျဲများလှမ်းလျက် ထွက်သွားသော ရိပေါ်က ရှောင်းကျန့်၏ အမြင်အာရုံမြင်ကွင်းထဲတွင် မမြင်ရတော့တဲ့အထိ သိပ်မြန်လွန်း၏။ရှောင်းကျန့်က ရိပေါ်နှင့် တူတူလာတာဖြစ်သော်လည်း စကားပြောနေသောကြောင့်လားတော့မသိ။ သူက လျှောက်လမ်းများက ရှုပ်ထွေးသည်ကို သတိမထားမိပဲဖြစ်သွား၏။သတိထားမိသည့် အချိန်၌ လမ်းများရှုပ်ထွေးနေသည်ကို သိလိုက်ရသည်။ရှောင်းကျန့် လာရာလမ်းကို လှည့်ကြည့်မိသည့်အခါ သူဘယ်လမ်းကို ဘယ်လိုဖြတ်ခဲ့လဲဆိုတာတောင် မသိတော့။ဤနေရာ၏လမ်းများသည် တစ်ခုနှင့်တစ်ခုထပ်၍နေ၏။လမ်းလေးကြောင်းမျှ ထပ်နေ၍ ထပ်နေသောနေရာတွင် ချုံနွယ်များမရှိသော်လည်း လမ်းများခွဲထွက်သွားသော နေရာတွင် ချုံနွယ်ပိတ်ပေါင်းများက ထူထပ်လို့နေ၏။
ရှောင်းကျန့် ဘယ်လမ်းကိုသွားရမလဲ မသိချေ။စိတ်တိုနေသော ရိပေါ်က သိပ်မြန်လွန်းသည်။

အပြင်လောကနှင့် ထိတွေ့ခွင့်မရှိသူ အိမ်တော်၏ အပြင်ကိုတောင် ဒီနေ့သူရောက်တဲ့နေ့မှ ထွက်ဖူးတဲ့ ရိပေါ်ကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း မသိ။ရှောင်းကျန့်စိတ်ထဲ အနည်းငယ် နေမထိထိုင်မသာဖြစ်လာ၏။ ဒါကိုစိုးရိမ်ခြင်းလို့ပြောလျှင် မှန်မည်ထင်၏။

သူက အပြင်လောကနဲ့တောင်မထိတွေဖူးတာ..။ဒီလိုရှုပ်ထွေးနေတဲ့ လမ်းတွေကို သွားတတ်ပါ့မလား..။နေပါအုံး..သူက အခန်းရဲ့ စီစီတီဗီကို ဖျက်ချင်တာနဲ့ store ခန်းကိုသွားရမယ်ဆိုတာ သိနေတာ..။သူက store ခန်း ဘယ်နားမှာ ရှိလဲသိလို့ပေါ့ ..ဟုတ်သားပဲ..ငါ့က သူသွားရာနောက်ပါလာတာ..အန်တီအွန်းဂီကလည်း ရိပေါ်ကိုတည်နေရာမအကြောင်းတွေ ဘာတွေမပြောပြလိုက်ဖူး..အစောင့်တွေရှိတဲ့ အကြောင်းပဲပြောလိုက်တာ..။အဲတာဆို ငါပဲ လမ်းမသိတာပေါ့..။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now