Part - 17

79 11 6
                                    

[Unicode]-----

" ငါ့မှာ မင်းအတွက် မွေးနေ့လက်ဆောင်ရှိတယ်"

"အွန်းဂီ...အွန်းဂီရော ခုမှ ပြန်လာတာလား.."

အလုပ်မှပြန်လာသူ လီမင်ဆော့ ကားဂိုဒေါင်မှာ ကားထားနေတုန်း ချစ်ဇနီးဖြစ်သူ ဂင်အွန်းဂီ၏ ကားကလည်း သူ၏ကားဘေးတွင် ဝင်လာသည်။လီမင်ဆော့က ဂင်အွန်းဂီ ကားပေါ်က အဆင်းကို စောင့်ကာ မေးလိုက်၏။

" ဟုတ်တယ်ကို..ဒီနေ့ရိုက်ကွင်းက ညနေထိ ရိုက်ရတာ အဲတာကြောင့်..ပြန်တာနောက်ကျနေတာ..ကိုရော ခုမှ အလုပ်က ပြန်လာတာပေါ့.."

ဂင်အွန်းဂီက ကားပေါ်မှ အထုပ်ပေါင်းများစွာကို မနိုင်မနင်းသယ်ရင်း လီမင်ဆော့ကို ပြန်မေးလိုက်၏။

" ကိုယ့်ကိုပေးပါကွာ.. မင်းက ဖန်တွေပေးတာတွေတစ်ပုံကြီး ယူလာပြန်ပီ..ဒီလောက်အများကြီးကို.."

လီမင်ဆော့ ဂင်အွန်းဂီ၏ အမေးကို မဖြေပဲ ပစ္စည်းတွေကို မနိုင်မနင်းသယ်နေတဲ့ သူမ၏ လက်ထဲမှ သုံးပုံတစ်ပုံလောက်ကို သူ့ဆီသို့ လွှဲပြောင်းယူလိုက်၏။ ထို့နောက် ဂင်အွန်းဂီ၏ အရှေ့မှ သွားကာ အိမ်ထဲသို့ အရင်ဝင်သွားလေ၏။ ဂင်အွန်းဂီလည်း ပြုံးလျက် ခေါင်းတွင်တွင်ရမ်းကာ လီမင်ဆော့၏ အနောက်မှ လိုက်သွားတော့၏။အိမ်တော် တံခါးဝရောက်တော့ မဝင်သေးပဲ တံခါးဝမှာတင် မတ်တက်ရပ်နေတဲ့ လီမင်ဆော့ကြောင့် သူမပါ လီမင်ဆော့၏ ဘေးတွင်ဝင်ရပ်လိုက်၏။

" အစ်ကိုလေး.."

ဧည့်ခန်းထဲရှိ ဆိုဖာမှ ထလာတဲ့ အဒေါ်ကြီးက လီမင်ဆော့ကို တအံ့တဩ ကြည့်ရင်းဖြင့် အထိတလန့်ခေါ်လိုပုံမှာ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကို မြင်လိုက်သလိုမျိုးပင်။သို့သော် လီမင်ဆော့၏ အကြည့်များက အဒေါ်ကြီးဆီတွင်ရှိမနေပဲ အနည်းငယ်အလှမ်းဝေးသည့် အပေါ်ထက်သို့တတ်သော လှေကားပေါ်ရှိ ပြုံးပြုံးရွှင်ရွှင်ဖြင့် စားစရာပန်းကန်များကိုင်ကာ အပေါ်တတ်သွားသော ဆိုဂျွန်တစ်ဖြစ်လည်း ရှောင်းကျန့်နှင့် သားဖြစ်သူ ရိပေါ် တို့ဆီသို့ ရှောက်ရှိနေ၏။လီမင်ဆော့၏ မျက်ဝန်းများတွင် မသိနားမလည်မှုများက ပြည့်နှက်နေပီး အံ့ဩမှုအနည်းငယ်ကလည်းရှိနေ၏။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now