Part - 11

79 17 0
                                    

[Unicode]-----

"ယုံကြည်ရသူအား လျှို့ဝှက်ချက်ပြောပြခြင်း"

မငိုဖို့ အတွက် ရှောင်းကျန့်က ပြောနေပေမယ့် ရိပေါ်ကတော့ ဆက်၍ ငိုနေခဲ့သည်။ သို့သော် အချိန်အများကြီး မကြာလိုက်ပဲ ခဏကြာတော့ ရှောင်းကျန့်ပုခုံးပေါ်မှောက်ထားသော ရိပေါ်၏ ခေါင်းလုံးလုံးလေးက ထောင်လာ၏။ဆက်မငိုတော့ပဲ မျက်နှာကလေးငယ်ကာ ခေါင်းပြန်ငုံ့ထား၏။ရိပေါ်ကျောပေါ်ရှိ ရှောင်းကျန့်၏ လက်များကလည်း ပြေလျော့ကာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

" ကျွန်တော်တို့ ပဲခေါက်ဆွဲစားရအောင်လေ..ပွကုန်ရင်မကောင်းတော့ဘူး.."

ရိပေါ်၏ မျက်လုံးများက ရှောင်းကျန့်ကိုမကြည့်ရဲပဲ စားပွဲပေါ်ရှိ ပဲခေါက်ဆွဲပန်းကန်များကိုသာ စိုက်ကြည့်နေ၏။ သူ၏ မျက်လုံးများက ယောက်ျားတစ်ယောက်၏ ရှေ့တွင် မျက်ရည်ကျခဲ့သောကြောင့် အနည်းငယ်ရှက်ရွံ့နေသလို။၁၇နှစ်အရွယ်ဖြစ်သော အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား ဝမ်ရိပေါ်က သူ့ထက် အသက် ၇နှစ်ကြီးသော ရှောင်းကျန့်ဆိုသူ၏ ရှေ့တွင် မျက်ရည်ကျခဲ့ပါ၏။သူ၏ တားဆီးမရသော မျက်ရည်များက သူ့ကို အရှက်ရစေခဲ့၏။

" ဟုတ်သားပဲ..ငါဗိုက်တွေဆာနေပီ..ခေါက်ဆွဲတွေပွတောင် ပွကုန်ပီလားမသိဘူး..စားရအောင်.."

ရှောင်းကျန့် သူ၏ရှေ့ရှိ အဆင်ပြေပြေစကားပြောလာသော ရိပေါ်ကိုအကဲခတ်ကြည့်ကာ ပြောလိုက်၏။ရိပေါ်က ဘာမှမဖြစ်ခဲ့သလိုမျိုး ။ စိတ်ညစ်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ အားရပါးရငိုချလိုက်တာမျိုးက ခံစားချက်ကိုကောင်းမွန်လာစေသည်ဆိုသော စကားက ရိပေါ်အတွက် မှန်သည်ထင်ပါ၏ရှောင်းကျန့် ရိပေါ်ကိုအကဲခတ်ပီး မူလထိုင်ရာနေရာသို့ ပြန်သွားလိုက်၏။

" ခုနက မင်းပြောတော့ မေးစရာရှိတယ်ဆို...ဘာမေးမလို့လဲ.."

ရှောင်းကျန့်က ခေါက်ဆွဲတစ်လုပ်စားရင်း စကားလမ်းကြောင်းလွှဲလိုက်၏။

"အာ..မေးချင်တာကလေ..ထွေထွေထူးထူးမဟုတ်ပါဘူး..ဒီတိုင်းသိချင်လို့မေးတဲ့မေးကြည့်တာ..အစ်ကိုက တရုတ်လူမျိုးမဟုတ်လား..ဘယ်ချိန်ကစပီး ကိုရီးယား စကားကို ပြောနိုင်သွားတာလဲ...ဘယ်လိုမျိုးကျွမ်းကျင်သွားတာလဲ..."

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now