Part - 15

82 10 6
                                    

[Unicode]------

"ငါကမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

စာမေးပွဲမဖြေခင် အရင်နေ့.....

အိမ်ရှေ့တွင် ကားသံကြား၍ ဂင်အွန်းဂီက သူမအခန်းထဲမှ ပြေးထွက်လာသည်။လီမင်ဆော့က အလုပ်မှ စောစောပြန်လာမည်ဟုမှာခဲ့သောကြောင့် ဂင်အွန်းဂီက ရိပေါ်နှင့်ရှောင်းကျန့်တို့၏တောင်းဆိုမှုများကို ဖျက်ကာ ရိပေါ်တို့အခန်းမှ စောစောလေးထွက်လာခဲ့ခြင်းဖြစ်၏။သူမက ကားထဲမှဆင်းလာသော သူမ၏ ချစ်ခင်ပွန်းကို အိမ်တံခါးမှ စောင့်ကာ အပြုံးချိုတို့ဖြင့် ကြိုဆိုသည်။

" အွန်းဂီ...အွန်းဂီက ဒီနေ့ထူးထူးဆန်းဆန်းပါလား..ကို့ကို ထွက်ကြိုနေတယ်..."

လီမင်ဆော့က သူ၏လက်ဆွဲအိတ်ကို ယူလိုက်သော သူ၏ချစ်ဇနီးအား ထူးဆန်းစွာပြောလေ၏။သူမကလည်း အပြုံးမပျက်ပဲ လှပနေဆဲ။

" အွန်းဂီတို့ ဆွေးနွေးစရာ ကိစ္စတွေရှိတယ်လေ..အဲဒါကြောင့် ဒီနေ့ရိုက်ကွင်းဖျက်ပီး အိမ်မှာပဲ သားနဲ့ အဖော်ပြုပေးရင်း ကို့ကို စောင့်နေတာ.."

သူတို့ စကားပြောရင်းဖြင့် ဧည့်ခန်းထဲမှာ ထိုင်လိုက်ကြ၏။ အဒေါ်ကြီးလဲ လီမင်ဆော့ပြန်လာတာ တွေ့တော့ သူတို့အတွက် ရေခွက်တို့ကို ယူလာပေး၏။

" အွန်းဂီက ဘာတွေဆွေးနွေးချင်နေတာလဲ.."

လီမင်ဆော့က ရေတစ်ငုံသောက်ရင်း မေးလိုက်၏။

" သားလေးမွေးနေ့ရောက်တော့မယ်လေ..မနက်ဖြန်ဆိုရင် သားက စာမေးပွဲဖြေရမှာ..မကြာဘူး မွေးနေ့က ရောက်လာတော့မှာလေ..ကိုမေ့နေတာလား.."

" ကိုမမေ့ပါဘူးကွာ...ဒီတိုင်း အဲတာကိုမဆွေးနွေးသေးတာက သားရဲ့ စာမေးပွဲကြောင့်..။သားက ခုဆိုဂျွန်နဲ့ စာသင်နေတာမလား..ဆိုဂျွန်က ပြည့်စုံသေးတဲ့ စက်ရုပ်တစ်ရုပ်မဟုတ်သေးဘူး..အဲတာကြောင့် ကိုယ် စိုးရိမ်နေတုန်းပဲ.."

လီမင်ဆော့က သူ၏ ထင်ရှားလှသော မျက်ခုံးညိုတို့ကို တွန့်ကွေးလျက် စဉ်းစားဟန်ဖြင့် ပြောလိုက်၏။ ခဏကြာတော့ သူက စကားဆက်၍ပြော၏။

" ခုက သားရဲ့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ 1st Semester စာမေးပွဲမလား..အဲတော့ သားကို ကိုယ်က အကောင်းဆုံးနဲ့ အောင်မြင်စေချင်တာ..လီမင်ဆော့ဆိုတဲ့ ကို့ယ်ရဲ့ ကုမ္ပဏီကို အမွေဆက်ခံဖို့ဆိုရင် အရည်ချင်းပြည့်မှီမှရမယ်...."

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now