Part - 28

276 10 4
                                    

[Unicode]------

" Kiss "

" အကိုပဲ အကြောင်းမသိတဲ့သူနဲ့ ချစ်သူမဖြစ်ချင်ဘူးဆို...ဒါပေမယ့် အကိုက ကျွန်တော့်အကြောင်းသိနေပီလေ..."

ရိပေါ်က လက်ဆောင်ပုံးများကြားလျှောက်သွားနေသော ရှောင်းကျန့်နောက်သို့ ဆက်လိုက်မသွားပဲ နေရာတွင်ရပ်ကာ ပြောလိုက်၏။

" အဲတော့..."

ရှောင်းကျန့်ကလည်း အရှေ့မှနေ၍ ရိပေါ်ဖက်သို့လှည့်ကာ ကြည့်လာ၏။သူ့အားစိုက်ကြည့်နေသူ ရိပေါ်၏ လင်းလက်စူးရှသော မျက်ဝန်းနက်များဖြင့် ရင်ဆိုင်လိုက်ရသောအခါ ရှောင်းကျန့်မှာ ဘာမှ မပြောနိုင်ပဲ စွံအ,သွားရ၏။ရိပေါ်က သူ့အား စကားမပြောနိုင်ပဲ စိုက်ကြည့်နေသူ ရှောင်းကျန့်အား မျှော်လင့်ချက်အပြည့်မျက်လုံးများဖြင့် ပြန်လည်စိုက်ကြည့်လို့နေသည်။

" အိုး...ရိပေါ်လေးတို့က ဒီမှာ ရောက်နေကြတာပဲ...အကိုလေးနဲ့ မမက ရိပေါ်လေးကို ခေါ်ခိုင်းလိုက်လို့ပါ...သူတို့ ဧည့်ခန်းမှာ ထိုင်နေကြတယ်..."

အခန်းတခါးမပိတ်ခဲ့မိသောကြောင့် အဒေါ်ကြီးက စကားပြောရင်းဖြင့် အခန်းထဲသို့ ဝင်လာ၏။

" အာ...အကိုက ကျွန်တော့်ရဲ့ လက်ဆောင်တွေ ကြည့်ချင်တယ်ဆိုလို့ ကျွန်တော်လိုက်ပြပေးနေတာ..."

" ဟုတ်ပါပီ...အခုတော့ ဆိုဂျွန်ကို အဒေါ်ကြီးနဲ့ ထားခဲ့...သားအဖေနဲ့ အမေကို သွားတွေ့လိုက်အုံး..."

ရိပေါ်က ရှောင်းကျန့်ကို တစ်လှည့် အဒေါ်ကြီးကို တစ်လှည့်ကြည့်ကာ စိတ်ချသည့်ဟန်ခေါင်းငြိမ့်ပြရင်း အခန်းထဲမှ ထွက်သွားတော့သည်။ ရိပေါ် ဧည့်ခန်းထဲရောက်တော့ အဖေဖြစ်သူနှင့် အမေဖြစ်သူက မျက်နှာမကြည်မလင်ဖြင့် ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။

" အဖေနဲ့ အမေ ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ..."

ရိပေါ်က ပြောရင်း လီမင်ဆော့နှင့် ဂင်အွန်းဂီတို့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။

"အမေက ပြောစရာမရှိပါဘူး...ကိုက သားနဲ့အမေကို အသိပေးစရာရှိတယ်ဆိုလို့ အမေလည်း ရိုက်ကွင်းမသွားသေးပဲ ထိုင်စောင့်နေတာ..."

You've reached the end of published parts.

⏰ Last updated: Oct 31, 2022 ⏰

Add this story to your Library to get notified about new parts!

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now