Part - 16

65 12 2
                                    

[Unicode]-----

" စာမေးပွဲအပီး ခက်ခက်ခဲခဲ ရခဲ့တဲ အခွင့်အရေး"

‌‌ရှောင်းကျန့်၏ စကားကြောင့် လီမင်ဆော့ရော ဂင်အွန်းဂီပါ ရှောင်းကျန့်ကို အံ့ဩလျက်ကြည့်နေကြ၏။တကယ်ပဲ ရိပေါ်က ထိုကဲ့သို့ တောင်းဆိုလာသလားဆိုတာကို သူတို့ သိချင်နေပုံရ၏။ရှောင်းကျန့်လည်း အနည်းငယ်တော့ ထိတ်လန့်မိပါ၏။သူကို မယုံကြည်မှာလည်း စိုးရိမ်ရပါ၏။

" တကယ်ပဲ သားက အဲလိုတောင်းဆိုလာတာလား..တခြားဘာမှမပြောဘူးလား.."

လီမင်ဆော့က သံသယအနည်းငယ်ရှိနေ၏။

" ထူးထူးဆန်းဆန်းပဲ..ဒီလိုမျိုး တစ်ခါမှ တောင်းဆိုဖူးတာမဟုတ်ဘူးလေ.."

ဂင်အွန်းဂီကလည်း ခင်ပွန်းဖြစ်သူလီမင်ဆော့နှင့်ထပ်တူပင် သူတို့သားဖြစ်သူ၏တောင်းဆိုမှုကို မယုံကြည်နိုင်ဖြစ်နေကြသည်။ သားဖြစ်သူ၏ တောင်းဆိုမှုဆိုတာထက် ရှောင်းကျန့်ကို မယုံတာဖြစ်မည်ထင်၏။ဂင်အွန်းဂီနှင့် လီမင်ဆော့ကတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပီးမှ အကြည့်လွှဲသွားကြကာ လေးလေးနက်နက်စဉ်းစားနေ၏။ ရှောင်းကျန့်ကတော့ သိလိုက်ပြီ။ သူတို့ လိုက်လျောပေးမှာ မဟုတ်ဘူးဆိုတာ သေချာသည်။

အင်းလေ...ဘယ်လိုလုပ်လိုက်လျောပေးမှာလဲ..ငါပြောလိုက်တာကြီးက သူတို့အတွက် နားလည်မှာ မဟုတ်သလို အဓိပ္ပါယ်လည်း ရှိမနေဘူးလေ..။ဘယ်လိုမိဘက သူတို့သားသမီးတွေရဲ့ မွေးနေ့မှာ အတူရှိမနေပေးပဲ အဝေးကိုထွက်သွားချင်မှာလဲ..။ငါလိုမိဘနဲ့ဝေးနေသူအတွက်တော့ ဟုတ်တာပေါ့..။ရိပေါ်ရာ ငါတောင်းပန်ပါတယ်..ငါမင်းဆန္ဒကို ဖြည့်ဆည်း မပေးနိုင်တော့ဘူး...။

ရှောင်းကျန့် တွေးရင်းဖြင့် သူ၏မျက်နှာမှာ ညိုးငယ်လာကာ ခေါင်းငိုက်စိုက်ချလျက် သက်ပြင်းဖွဖွခိုးချမိပါ၏။ သူ့ကိုသတိထားမိသွားကြတဲ့ လီမင်ဆော့နဲ့ ဂင်အွန်းဂီက ရှောင်းကျန့်ကိုကြည့်လာ၏။ သို့သော် မည်သည့်စကားမှ ဆိုမလာပါချေ။

ရှောင်းကျန့် လက်မလျှော့ချင်ပဲ ထပ်၍ တောင်းဆိုကြည့်ချင်သည်။ ပိုက်ဆံတွေ ဒီလောက်ပေါနေတာ စည်းစိမ်တွေ ဒီလောက်ချမ်းသာနေတာကို ဘာကြောင့် တစ်ယောက်တည်းရှိတဲ့ သားဖြစ်သူရဲ့ဆန္ဒ‌လေးတစ်ခုကိုတောင် လိုက်လျောမပေးနိုင်ရတာလဲဆိုတာ မေးပစ်လိုက်ချင်သည်။ရုတ်တရက် ရိပေါ်ပြောတဲ့ နောက်ကွယ်က ဘတ်ဟွန်းဆိုတဲ့ နက္ခဗေဒပညာရှင်ဆိုသူကိုတောင် သတိရမိပါ၏။ သူက ဘယ်လိုတွေတွက်ချက်ပီး ဘယ်လိုနက္ခတွေတွေ့ထားလို့ ဒီလို တားမြစ်ချက်မျိုးကိုထုတ်ထားနိုင်ရတာလဲဆိုတာ ရှောင်းကျန့်သိချင်လာမိ၏။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now