Sold to the gangster -43

1.4K 168 10
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-43^

"နော်~... P'Sing... နော်..."

KFC ဝယ်ကျွေးခိုင်းခါနီး ပူဆာနေကျအသံလေးနဲ့ Kristဆက်ပြောနေတယ်။
လက်ကလေးတစ်ဖက်က Singtoရဲ့ အင်္ကျီစကိုဆွဲထားသေးတယ်။
နှုတ်ခမ်းလေးကလည်းထော်လို့...

ခက်တာက အခုပူဆာနေတာ ကြက်ကြော်စားချင်လို့မဟုတ်ဘူး။
ဘာ??...Hubbyလုပ်ချင်လို့?

Kristပေါ်မှာ အုပ်မိုးမိရက်သားအခြေအနေနဲ့ Singtoခဏလောက်ရပ်သွားရတယ်။

ဟိုတစ်ခေါက်ကGymသွားပြီး ကြံစည်နေတယ်ဆိုတာက အတည်ကြီးပဲ!
ပြန်တွေးကြည့်တော့မှ အရင်နေ့တွေတုန်းက ရုတ်တရက် အရပ်ရှည်ချင်တာတွေကော...
ချီကြည့်ချင်တာတွေကော...
ဝိုး...တကယ် အကြံကြီးတာပဲ!

ရယ်ချင်စိတ်ကိုထိန်းပြီး ငုံ့ကြည့်လိုက်တော့ Kristသူ့ကို ဂျီကျ,နေကျအတိုင်း နှုတ်ခမ်းစူပြီးမော့ကြည့်နေတုန်းပဲ။
အရင်တုန်းက ပေါက်ကရတွေလျှောက်လုပ်တာထားပါတော့...

Hubbyလုပ်ဖို့ အခုလိုမျိုးဂျီကျရမယ်လို့ ဘယ်ကများအကြံရလာတာပါလိမ့်?
ဟား...ဒီကလေးကတော့လေ...

"ဟုတ်ပြီလေ..."

"ဟင်!"
အဖြေကြားလိုက်ရတော့ နှုတ်ခမ်းထော်နေတဲ့Kristတစ်ယောက် KFCပုံးကောက်ရလိုက်သလို ချက်ချင်းတက်ကြွလာတယ်။

"တကယ်လား? တကယ်လား?"

"အင်း..."

ရေးးးး ....
မထင်ထားဘူး!
P'Sing တကယ်သဘောတူတာပဲ!
ဟီဟီ... ကျောင်းရောက်ရင်ပြန်ကြွား...အမ်...
နေပါဦး...
ဘာလို့ကပ်လာတာလဲ!!?

ပျော်နေတာလေးတွေတောင်ရပ်သွားပြီ!

ခုက P'Singသူ့အပေါ်မိုးရက်သားကြီးကို...
ဒါကြီးက နေရာမမှန်သေးဘူးဟာကို။
ဘာလို့ မျက်နှာကြီးက ကပ်လာရပြန်တာလဲ?

နမ်းမယ်လို့ထင်ထားပေမယ့် မဟုတ်ဘူး။
P'Singရဲ့နှုတ်ခမ်းတွေဦးတည်တာက Kristရဲ့ ရဲတွတ်နေတဲ့နားရွက်လေးဆီ...

Krist မျက်လုံးမှိတ်လိုက်မိရင်း မွှေ့ယာထဲကို ပိုနစ်သွားတယ်ထင်ရလောက်အောင် ကိုယ်ကိုကြုံ့လိုက်မိတယ်။
မမြင်ရပေမယ့်လည်း Singtoရဲ့ နှုတ်ခမ်းပါးပါးက သူ့နှားရွက်နဲ့ထိလုနေလောက်ပြီ။
ပြီးတော့လည်း... နားရွက်ကို ခပ်ဖွဖွလေးလေမှုတ်ရင်းဆော့နေသေးတယ်။

Sold to the gangsterWhere stories live. Discover now