<zawgyi>
Sold to the gangster
~Singto&Krist ^ch-37.1^မျက်ရည်ထပ်မထွက်လာတော့ပေမယ့် Krist ဆွဲထားတဲ့အကျီင်္စကိုလွှတ်မပေးသေးဘဲ ပခုံးပေါ်မျက်နှာမှောက်ချထားတယ်။
အချိန်အားဖြင့်နာရီဝက်လောက်ကြာနေပြီမို့ ခြေထောက်လည်းညောင်းလာပြီဆိုပေမယ့် သူ Singtoကို ဘယ်လိုမျက်နှာနဲ့မော့ကြည့်ရမယ်မှန်းမသိသေးဘူး။
ဒီအခြေအနေကြီးက ... မျက်နှာပူစရာမကောင်းဘူးလား?ရုပ်ရှင်တွေထဲကလို တောင်းပန်လိုက်ပြီးရင် နောက်တစ်ခန်းကို 'ဝှီး...ဘတ်'ဆိုကျော်သွားပြီး ...မင်းသားနဲ့မင်းသမီး ပြုံးပြုံးကြီးထိုင်ကြည့်နေကြတာမျိုးနဲ့တူမနေဘူးလေ။
အခု ဘာပြောရမှာလဲ?အချိန်အကြာကြီးအတွေ့တောင်မခံဘူးလုပ်ထားပြီး ခုလို ဖက်ငိုလိုက်လို့ရပါ့မလား?
မရတော့ကော ဘာထပ်ပြောရမလဲ?
အစကပြန်ပြီးနှင်ထုတ်ကြည့်ရမလား?ဒီရက်တွေမှာ Singtoသူ့ကိုလာတွေ့ပြီးရှင်းပြဖို့ Kristနည်းနည်းလောက်မျှော်လင့်ခဲ့ပေမယ့် တကယ်ဖြစ်လာလိမ့်မယ်မထင်ခဲ့မိဘူး။
ရုတ်တရက်ကြီးတကယ်ဖြစ်လာတော့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး!
သူ့ကိုပြောတာတွေကကော...တကယ်ပဲလား?
သူယုံလို့ရရဲ့လား...ထပ်ပြီး...တကယ်မဟုတ်ခဲ့ရင်..
"ဂြီ~"
ထပ်ထွက်ချင်နေတဲ့မျက်ရည်တွေ ပြန်ဝင်သွားသလိုမျိုး Kristခံစားလိုက်ရတယ်။
ဂြီ...တဲ့!
တချိန်လုံးကျ စားချင်စိတ်မရှိတဲ့ဒီဗိုက်က ခုမှ တစ်အိမ်လုံးကြားလောက်တဲ့အသံနဲ့ ထ,ဂွီရလား??ငိုရမလိုလို...ထမင်းပဲစားရတော့မလိုလို...။
ရှက်ပဲရှက်ရတော့မလား?ဘာလုပ်ရမှန်းမသိပဲ ဗိုက်ကိုစိတ်မှန်းနဲ့ငုံ့ကြည့်နေတုန်းမှာ ခါးပေါ်ကဖက်ထားတဲ့လက်တွေတဖြည်းဖြည်းလျော့သွားတယ်။
Singtoသူ့ကိုငုံ့ကြည့်လာတာကို မသိချင်ယောင်ဆောင်နေရင်း ဗိုက်ဆီကနေအကြည့်မလွဲပဲနေလိုက်တော့..."မင်း ဗိုက်ဆာနေတာလား"
Kristမသိမသာ ခေါင်းငြိတ်ပြလိုက်မိတယ်။
YOU ARE READING
Sold to the gangster
Fanfiction[Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆?Translationမဟုတ်ပါ...?☆☆☆ [Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆...