<zawgyi>
Sold to the gangster
~Singto&Krist ^ch-35^ညရောက်တော့ ခေါင်းခြောက်ရတာက ထုံးစံအတိုင်း Offပါပဲ။
အအေးမိသွားတဲ့နှစ်ယောက်သားက Kristနဲ့ တစ်ခန်းထဲထပ်အိပ်ဖို့ကို အပြင်းအထန်ကန့်ကွက်ကြရှာတယ်။Gunကို အတူသွားအိပ်ခိုင်းဖို့ အကြံကိုတော့ Offကိုယ်တိုင်ပယ်ချထားတယ်။
ဒီရက်ပိုင်း Kristညဘက်ကောင်းကောင်းအိပ်မပျော်သလို အိမ်မက်ဆိုးတွေမက်ပုံပဲ။
လန့်နိုးရာကနေ ရုန်းရင်းကန်ရင်း ဘေးကလူကို ကန်ချတတ်တယ်။
Gunက ပထမဆုံးတွန်းချခံရတဲ့လူပဲ။
အောက်က အိမ်မက်ကောင်းနေတဲ့ Offပေါ် ဖုန်းခနဲ ပြုတ်ကျတာ။ကိုယ်အပါအဝင် အခြားလူတွေကိုတွန်းချတာ ဗွေမယူပေမယ့် Gunကိုတော့မရဘူး!
သေးသေးလေးမို့ ဆောင့်တွန်းတဲ့အားနဲ့တင် စိုးရိမ်နေရပြီ။
မတော်...ကန်ချတာခံရရင်...ဖွီ ဖတ် ဖတ်! အသက်ပါနိုင်တယ်။ကျန်တဲ့၎ယောက် အဆင်ပြေသလို လှည့်အိပ်နေတာကို...ခု စောင်ပါလုနေပြီ။
ပျောက်သွားတဲ့အတောအတွင်းဖြစ်ပျက်ခဲ့တယ်ဆိုတာတွေကြောင့် သည်းခံနေကြပေမယ့်လည်း ကြာရင် ကျန်းမာရေးပါထိခိုက်နိုင်တာမို့ အတူအိပ်ရမှာခပ်လန့်လန့်ဖြစ်နေကြတယ်။
အဲ့တော့...ခု ဘာလုပ်ကြမှာလဲ?
ဒီဘက်အခန်းမှာ ငါးယောက်သား ဖက်အိပ်ကြမှာလား? ပြော...!Kristကတော့ သူတို့ရဲ့အခန်းခွဲရေးအရေးတော်ပုံကို သိပုံမပေါ်။
ညနေလောက်ကတည်းက အခန်းထဲဝင်အိပ်နေပြီ။
နေ့နဲ့ညတောင် မှားနေပုံရတယ်။
အိပ်ပျော်တာကောင်းပါတယ်လေ။ ဒီရက်ပိုင်း အိပ်ရေးပျက်လို့ ငေါင်တောင်တောင်ဖြစ်နေတာကြာပြီ။
အအိပ်ပျက်၊အစားပျက်နဲ့ ရုတ်တရက်ပိန်ကျသွားတော့လည်း ကြောင်စုတ်ဖွား ရေစိုသွားသလို မြင်မကောင်းတော့ဘူး။အဲ့တာကြောင့်ပြောတာ။
ငါးယောက်ဖက်အိပ်ကြမယ်ဆိုရင်တောင်... မမာသေးတဲ့လူကို တစ်ယောက်တည်းအိပ်ခိုင်းတာတော့ မဟုတ်သေးဘူးလေ။
လက်ကလည်း ကျောက်ပတ်တီးမဖြေရသေးဘူးမို့လား။နောက်ဆုံး...မျှမျှတတ(Gunကိုဖယ်ပြီး) 'ဗြောင်နှောင်နှောင် ဗေဗေဂျိ'ချကြရင်း Offနဲ့ Tayက Kristအခန်းပြောင်းအိပ်ဖို့ဖြစ်လာတယ်။
YOU ARE READING
Sold to the gangster
Fanfiction[Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆?Translationမဟုတ်ပါ...?☆☆☆ [Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆...