Sold to the gangster...ch-15

4.4K 447 37
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-15^

11:45p.m…
Kristတယောက် ကမ်းခြေမှာထိုင်ပြီး ဘာလုပ်ရမယ်မှန်းမသိ။

နေ့ခင်းကတည်းက ဟိုနှစ်ကောင်နဲ့ကမ်းခြေလိုက်လာပြီး ဟိုလျှောက်၊
ဒီလျှောက်လိုက်နဲ့…
ရေထဲတော့ မဆင်းဖြစ်ကြ။
ကမ်းခြေဆိုပေမယ့် ဆောင်းတွင်းရဲ့ အအေးဓာတ်ကတော့ မရှိတာမဟုတ်ဘူးလေ…

သူတို့မပြန်ဖြစ်တာနဲ့ Offနဲ့Gunပါ ရောက်လာပြီး ညဘက် Christmasအကြိုမီးပန်းဖောက်တာကို ထိုင်ကြည့်မယ် လုပ်ကြတယ်။

တကယ်ဆို Kristမလိုက်ချင်…
မီးပန်းဖောက်တဲ့အသံမျိုးတွေကို မကြိုက်လို့။
မကြိုက်တာထက်လန့်တာဆို ပိုမှန်မလားပဲ
အဲ့လို အသံအကျယ်ကြီးတွေကြားရရင် လူက အလိုလိုထခုန်ချင်နေမိတာ…

ဒါပေမယ့် အခန်းပြန်ဖို့ကျတော့လည်း…
ဟိုလူကြီးက အိပ်ပါဦးပါ့မလားပဲ!!!!

ဟိုလူကြီးဆိုပြီး ပြန်တွေးမိတော့ ခေါင်းထဲပြန်ပေါ်လာတာက မနက်တုန်းက
devil-smileနဲ့မျက်နှာကြီး…
ပြီးတော့ ဘာမှန်းမသိ နားထဲလေမှုတ်သွားတာ!
အား…ခေါင်းထဲပြန်ရောက်လာပြန်ပြီ
မတွေးပါဘူးဆိုနေ။

အခုလည်း ဘာလုပ်ရမယ်မှန်း မသိတော့ဘူး…
12နာရီလောက်ဆို ကမ်းခြေတစ်ခုလုံးမှာ ရှိတဲ့လူအကုန်မဟုတ်ရင်တောင် အဲ့လောက်နီးပါး မီးပန်းစဖောက်ကြလိမ့်မယ်။
အဲ့အချိန်ကြမှ ထအော်ပြီးပြေးမိရင် အရှက်ကကွဲဦးမယ်

ဘေးနားက ကိုယ့်သူငယ်ချင်းတွေပြန်ကြည့်မိတော့လည်း Offနဲ့Gunက သူ့ဟာသူအကြည်ဆိုက်နေတာ…
Godနဲ့ Newwieကလည်း poseပေါင်းစုံနဲ့ အပြန်အလှန် ဓာတ်ပုံရိုက်နေကြတာ…
အခုထိကို မပြီးနိုင်။

မနက်ကျတော့လည်း မနက်မို့...
ညကျတော့လည်း ကမ်းခြေမှာ မီးတွေအရောင်စုံထွန်းလို့ပါဆိုပြီး ထပ်ရိုက်နေကြပြန်ပြီ

ပြန်ဖို့ ဘယ်သူ့မှလည်း အဖော်ခေါ်လို့ရမှာမဟုတ်။
ခေါ်လည်း မထူးပါဘူးလေ…
အချိန်တန်ရင် အဲ့အခန်းပဲ သွားပြန်အိပ်ရမှာ
အခန်းမှလဲမပေးကြတာ…
အတော်ကောင်းတဲ့ဟာတွေ!

''ဟေ့ကောင်တွေ…ငါပြန်တော့မယ်''
Kristအော်ပြောလိုက်တော့ ကိုယ့်အာရုံနဲ့ကိုယ် ဈာန်ဝင်စားနေတဲ့ rsနှစ်ကောင်က ကြားတဲ့ပုံတောင်မပေါ်…

Sold to the gangsterWhere stories live. Discover now