Sold to the gangster-39

1.8K 244 12
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-39^

Singtoနာရီကိုငုံ့ကြည့်ရင်း clubထဲကနေ ခပ်မြန်မြန်ပြန်ထွက်လာခဲ့တယ်။
အခုဆို တော်တော်တောင်ကြာနေပြီ။

အခြားလူကိုလွှဲလို့မရတဲ့ အရောင်းအဝယ်ကိစ္စမို့သာ ထွက်လာရတာ...
တကယ်ဆို အပြင်ထွက်ချင်သေးတာမဟုတ်ဘူး။

Kristက နေပြန်ကောင်းလာလို့ တော်သေးပေမယ့် ခေါင်းမာတဲ့အကျင့်ပါပြန်ပေါ်လာတယ်။
နိုးလာရင် သူရှိနေစေချင်တယ်...
အရင်မအိပ်နှင့်ဘဲ အလုပ်လုပ်နေတာကိုထိုင်စောင့်တယ်...
ခေါင်းထိပ်ကဆံပင်ကိုကြက်တောင်စည်းချင်တယ်...
ဒါတွေထားလိုက်ဦး။ သူအလျော့ပေးလို့ရတယ်။

အဲ့လိုအလျော့ပေးထားတော့ တဖြည်းဖြည်းပိုဆိုးလာတယ်။

နေ့တိုင်း KFCပဲစားချင်တယ်...
ဘာမှမဖြစ်ဘူး။ဆေးမသောက်တော့ဘူး...
ကျောက်ပတ်တီးဖြည်ချင်တယ်... ကတ်ကြေးနဲ့ညှပပစ်မယ်...
နှင်းလူလုပ်ချင်တယ်...
အဲ့လို ပေါက်ကရတွေဂျီကျရင်ကျ သူ့မှာ ဘာလုပ်ရမှန်းမသိဘူး။

Mr.Prachaya ကလေးမထိန်းဖူးဘူး။
ဘယ်လိုထိန်းရမလဲမသိဘူး။

ဆရာဝန်က သေချာမှာသွားတယ် ... မဆူနဲ့_တဲ့။
ထပ်ပြီးအခြိမ်းခြောက်ခံရတာလားမသိပေမယ့် ဆရာဝန်မပြောရင်တောင် နေကောင်းကာစမို့ သူလည်း ဆူဖို့စိတ်ကူးမရှိပါဘူး။
ဒါပေမယ့် အဲ့လိုဂျစ်ကန်ကန်လုပ်နေရင် ဘာလုပ်သင့်လဲ?

အဲ့တော့ ပေါက်ကရမလုပ်နိုင်အောင် အလွတ်မပေးဘဲကြည့်နေဖို့ကလွဲပြီးမရှိဘူး။

သိပ်ဝေးဝေးမသွားချင်လို့ ကိုယ့်clubကိုယ်ခေါ်တွေ့တာတောင်မှ ပစ္စည်းစစ်နေရတာနဲ့အချိန်ကုန်သွားတယ်။

လက်နက်ကအခြားပစ္စည်းတွေလိုမဟုတ်လို့ အပေါ်ယံစစ်ကြည့်ရုံနဲ့မရဘူး။
ပြီးတော့ အိမ်ပြင်မထွက်မိတာတောင် တစ်လနီးပါးရှိနေပြီမို့ ထွက်လက်စနဲ့ အကုန်အပြီးသတ်နေတာ။
တဖြည်းဖြည်းနဲ့ ညဥ့်နက်သွားတယ်။

ကြည့်ပေးဖို့လူထားခဲ့ပေမယ့် ဘယ်လိုတွေမွှေထားမလဲမသိဘူး။
ဆရာဝန်ကိုတောင် ခြိမ်းခြောက်ထားတဲ့ကောင်လေးမဟုတ်လား!

Sold to the gangsterWaar verhalen tot leven komen. Ontdek het nu