Sold to the gangster...31!

2.3K 303 26
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-32^

Laptop... ဖုန်း.. ဓာတ်ပုံတွေနဲ့ ၇၂နာရီအတွင်းရှာလို့ရသမျှသတင်းတွေပါတဲ့စာရွက်စာတမ်းတွေက
စားပွဲခုံပေါ်နဲ့ သူ့ဘေးမှာပြန့်ကျဲနေတယ်။

၃ရက် ထပ်ကြာသွားပြီ...။

အဲ့ဒီညရဲ့ အရောင်းအဝယ်စာရင်းမှာ Kristနာမည်ကို မထည့်ထားသလို ရောင်းဖို့လက်ကျန်လူတွေကိုဖမ်းထားတဲ့နေရာအထိ ခိုးဝင်ရှာခိုင်းခဲ့ပေမယ့် ဘာသတင်းအစအနမှ ရှာမတွေ့ခဲ့ဘူး။

သိသာတဲ့အချက်ကတော့ သူ ဘာမှမလုပ်နိုင်သေးဘူး...

အခု...အချိန်အရမ်းကြာလွန်းနေပြီ။
နောက်ကျတယ်ဆိုတာထပ်ပိုနေပြီ...

"ခွမ်း..."
ခေါင်းထဲကအသိပေးနေတာကိုထုတ်ပစ်ဖို့ စားပွဲပေါ်က laptopကို ကြမ်းပြင်ပေါ်ရိုက်ချလိုက်မိတယ်။

လေလံပွဲပြီးကတည်းက တဖက်ကနေ ဘာမှမဆက်သွယ်တော့ပေမယ့်...
အဲ့ကောင်လေးကို အသုံးချလို့မရတော့မှန်း သိသွားလောက်ပေမယ့်...
Kristဘာမှမဖြစ်လောက်ဘူးမဟုတ်လား?

ဟုတ်တယ်...
ဘာမှမဖြစ်လောက်ပါဘူး။
သေချာပေါက် အဆင်ပြေနေလိမ့်မယ်။

"Mr.Thanaboonက ဖုန်းပြောခွင့်တောင်းနေပါတယ် sir"

"အင်း...လိုင်းလွှဲပေးလိုက်"
စားပွဲပေါ်ကစကားပြောစက်ကိုပြန်ဖြေရင်း Singto ဆိုဖာပေါ်မှီချလိုက်မိတယ်။

သူ အတော်လေး ပင်ပန်းနေတာပဲ...
အင်း...အခုလောလောဆယ်မှာ ဒါက အရေးမကြီးသေးပါဘူးလေ။

"မင်း mask blackကလူတွေကို ဖမ်းထားတာလား?
အဲ့ထဲကတစ်ယောက်က black dragonရဲ့ ညီမဟုတ်လား?"

"ဟုတ်တယ်လေ...အဲ့လူက ခေါင်းအမာဆုံးပဲ။
ပြီးတော့ သံသယဖြစ်စရာအကောင်းဆုံး..."

ဆိုဖာပေါ်မှီထားရာကနေ မျက်လုံးမဖွင့်ပဲဖြေမိတော့
ဖုန်းထဲက သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရတယ်။

"အဲ့တော့? မင်း ဘာဆက်လုပ်မှာလဲ?"

"ဆရာဝန်ခေါ်ထားတယ်။
ဒီကို တစ်နာရီအတွင်း ရောက်လာလိမ့်မယ်"

လက်ထဲဖမ်းမိဖို့ရယ်...
သတင်းသိဖို့မေးရတဲ့အချိန်ရယ်...
စုစုပေါင်း နှစ်ရက်နီးပါး အချိန်ကုန်ပြီးနေပြီမို့ ဆရာဝန်နဲ့စစ်မေးဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။
ဒီအခြေအနေမှာ အချိန်နည်းနည်းလေးတောင် အပို အကုန်ခံလို့မဖြစ်ဘူး။

Sold to the gangsterOnde histórias criam vida. Descubra agora