Sold to the gangster...ch-41

1.5K 208 11
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-41^

ဒီလိုနဲ့...။
Kristရဲ့ သက်သေပြမယ့်မဟာစီမံကိန်းကြီးကို ခဏလောက်ရပ်လိုက်ရတယ်ဆိုပါတော့။

လုံးဝရပ်ပစ်လိုက်တာတော့ မဟုတ်ပါဘူးနော်!
ခဏပါပဲ။
ဒါကလည်း ကိုယ့်ခြေ၊လက်တွေကိုယ် သနားလို့ရယ်၊
P'Singချက်ကျွေးတဲ့ဆန်ပြုတ်သောက်ရတဲ့ ကိုယ့်ကိုကိုယ်သနားလို့ရယ်။

တစ်ကိုယ်လုံးကိုက်ခဲပြီးဖျားချင်ချင်ဖြစ်သွားတဲ့အချိန်မှာ P'Singက ဘာစားချင်လဲတဲ့။
တစ်ခုခုချက်ကျွေးပါလား_လို့ Kristဘာလို့များပြောခဲ့မိပါလိမ့်? ဒီလိုအတွေးမျိုးပေါ်လာတာ ကုသိုလ်ကံနည်းလို့များလားပဲ?

တစ်သက်လုံးဘာမှမချက်ဖူးတဲ့သူရဲ့ ပထမဆုံးဆန်ပြုတ်ကိုသောက်ရတာ... ရုပ်ရှင်တွေထဲကလို မျက်နှာလေးတစ်စိမ့်စမ့်ကြည့်သောက်ရင်း roနေမယ်ထင်လား?
ဖုန်ရူလိုက်!!
Roချင်ရင် လျှာမပါမှပဲရမှာ။

ဖြစ်ပုံကတော့Ready_madeအထုပ်တွေရှိပါရဲ့သားနဲ့ စေတနာထည့်ပြီး ကိုယ်တိုင်အစအဆုံးချက်ပေးသတဲ့လေ။
Roတယ်နော်(လျှာမပါရင်)။
သူကျမြည်းမကြည့်ဘူးလားမသိဘူး...ဟင့်...။

တစ်ဇွန်းနဲ့တင်တော်ချင်ပေမယ့်လည်း ဘေးကနေထိုင်ကြည့်နေတဲ့P'Singကိုအားနာတာနဲ့ ၃ဇွန်းအထိသောက်ခဲ့မိတာ။
မျက်ရည်တွေဝဲတဲ့အထိပဲ။
ထပ်စားရင် ပေါက်ကနဲ၊ပေါက်ကနဲကျကုန်တော့မှာမို့ ရပ်လိုက်ရတယ်။

Kristရဲ့မျက်ရည်တွေကို အယူအဆမှားသွားရှာတဲ့ Singtoကတော့ နောက်လည်းထပ်ချက်ကျွေးဦးမယ်တဲ့လေ။
Beep_ Berp_ Beep_

မဖြစ်တော့ဘူး။ P'Singကို အားတဲ့အချိန်လေး ဆန်ပြုတ်လောက်တော့ ပြုတ်တတ်အောင်သင်ပေးမှဖြစ်မယ်။ အဲ့ဒါကြောင့် Kristကျောင်းအပြန် Off,Gunတို့နဲ့အတူ mini martခဏဝင်ဖို့ခွင့်တောင်းခဲ့တယ်။
အနောက်မှာတော့ ဝတ်စုံအပြည့်နဲ့လူကြီးနှစ်ယောက်က ထုံးစံအတိုင်းမလှမ်းမကမ်းကနေ မခေါ်ဘဲပါလာတယ်။

ဒီလိုပါလာတာလည်း မဆိုးပါဘူး။
ဝယ်တာများသွားရင် အထုတ်ဝိုင်းသယ်ခိုင်းလို့ရတာပေါ့။
ကျောင်သွားရင်ကျောင်းပြင်မှာစောင့်၊ မုန့်စားရင် ဆိုင်ထဲဝင်စောင့်၊ သူငယ်ချင်းအိမ်သွားရင် အိမ်ထဲလိုက်စောင့်(Offက အကုန်မောင်းထုတ်)...လို့ စိတ်ရှုပ်ပေမယ့် တချို့နေရာတော့ ခိုင်းစားလို့ရတာပဲ။

Sold to the gangsterWo Geschichten leben. Entdecke jetzt