Sold to the gangster...ch-23

4.4K 477 57
                                    

<zawgyi>

Sold to the gangster
~Singto&Krist    ^ch-23^

ခွက်ထဲကရှန်ပိန်တွေ ပါးစပ်ထဲ ဘယ်နှစ်ခွက်မြောက်ဝင်နေပြီမှန်း Singtoမသိတော့။

$နှစ်သိန်းကျော်တဲ့
Armand de Drignac Midasက သူစိတ်ရှုပ်နေတာကို ပျောက်အောင်မလုပ်ပေးနိုင်ပါလား…
အခြားတစ်ခုခု ပြောင်းသောက်သင့်သလားပဲ။
သူစိတ်ရှုပ်တာကို ရှင်းပေးနိုင်မယ့် တစ်ခုခုပေါ့

သူ စိတ်ရှုပ်နေတယ်လေ…
ဘာလို့လဲ တဲ့လား?
Krist Perawatဆိုတဲ့ဟာလေးကို ဘာလုပ်လုပ် ချစ်ဖို့ကောင်းတယ်ထင်နေတယ်။
ပြီးတော့ ခုဏက 2_pieceဝတ်ထားတဲ့ ကောင်မလေးတွေကို မျက်စိနောက်နေတယ်။
ဒါ…သူ…
မိန်းကလေးတွေအစား…ယောက်ျားလေးတွေကိုပဲ ပိုကြိုက်လာ…
ကျွတ်…သောက်ရေးမပါတာတွေ…

စော်တစ်ဗွေပြီးတစ်ဗွေ ထားလို့ရတဲ့အချိန်… black_marketရှေ့မှာ အကျီင်္အဖြူဝတ်ထားတဲ့ ကောင်လေးတွေကို လေလံလုဆွဲနေတဲ့ ကိုယ့်ပုံကိုယ် မြင်ယောင်မိလာတာမို့ Singto ခွက်ထဲကလက်ကျန်ကို ကောက်မော့လိုက်တော့…

''နှစ်ပုလင်းဆိုတာ များနေပြီနော် Singto…
ဆက်သောက်ရင် ငါ့clubမှာ မှောက်သွားလိမ့်မယ်။
မင်းက လူချစ်လူခင်ပေါနေတာလည်း မဟုတ်ပဲနဲ့…''

ဟုတ်တယ်။
P'Naပြောသလို ကိုယ့်လို Gang leaderကို လုပ်ကြံချင်တဲ့လူက လက်ညှိုးထိုးမလွဲ။
သေနတ်မှန်ထားတာလည်း ကြာသေးတာမဟုတ်ဘူးလေ။
သတိလက်လွတ်မနေသင့်တာ အမှန်…

ဒါပေမယ့် Singto ဒီကိစ္စကို အရေးကြီးတယ်လို့ မတွေးနိုင်သေးဘူး။
ဒါကို တွေးဖို့နေနေသာသာ P'Naဘေးမှာ ထိုင်နေသေးမှန်းတောင် အသံကြားမှ သတိပြန်ထားမိတာ။

အခုချိန်မှာ အခြားဟာထက် အရေးကြီးတာက…
'ငါ…gay…ဖြစ်သွားတာလား'??
မျက်လုံးထဲမှာ clubရောက်တိုင်း ပေါင်ပေါ်တင်ထားနေကြ ကောင်မလေးတွေအစား
ကောင်လေးတွေမြင်လာ…အာ…
မဟုတ်ပါဘူး။
အဲ့လိုလည်း မဟုတ်သေးပါဘူး…

ယောက်ျားဆိုလို့ ဘယ်သူ့ကိုမှလည်း မကြိုက်ဖူးပါဘူး။
ပြီးတော့…
တသက်လုံး တွဲခဲ့သမျှက one night standဆိုပေမယ့် ကောင်မလေးတွေချည်းပဲ။
ဒါပေမယ့် အရင်က ဘယ်သူ့ကိုမှ သွားကိုင်ကိုင်ကြည့်မနေဖူးဘူး…
အဲ့လို ကိုင်ဖူးတဲ့ပထမဆုံးလူကလည်း ယောကျာ်းလေးတဲ့။

Sold to the gangsterWhere stories live. Discover now