<zawgyi>
Sold to the gangster
~Singto&Krist ^ch-7^အပေါ်ထပ်ကအခန်းတခန်းရဲ့တံခါးကို ဆွဲဖွင့်တော့ အခန်းထဲမှာ ဘယ်သူမှရှိနေပါ
တကယ်တမ်းက အခန်းထဲမှာသာမက ဒီအိမ်တအိမ်လုံးမှာ ဟိုကောင်လေးရှိမနေ…
ကျောင်းကပြန်ရောက်သေးပုံတော့ မပေါ်ဘူးအဲ့ဒါကြောင့် Singto သူ့အခန်းထဲ ဝင်ရှာဖို့ စိတ်ကူးထားတာပါ
နံပါတ်တွေကို တလုံးလောက်ဖြစ်ဖြစ် ချရေးထားမလားလို့ပေါ့သူ့လို Lionဂိုဏ်းရဲ့ခေါင်းဆောင်တယောက်က ကိုယ့်အိမ်ထဲက အခန်းတခန်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရှာနေရတယ်ဆိုတာ လူရယ်စရာဖြစ်နေမလားပဲ…?
ဒါပေမယ့် ရှေ့တင်တော့ မရှာချင်…
ကြောက်လို့တော့မဟုတ်ပါ…အဲ့တချက်စာလေးကို ကြောက်စရာအကြောင်းမှ မရှိတာလေ။
သူ့ရှေ့မှာဝင်ရှာပြီးလို့ မတွေ့ဘူးဆိုတော့မှ 'ခင်ဗျားက စာချုပ်ဖောက်ဖျက်တာလား'ဆိုပြီး
နောက်နံပါတ်တွေကို ဆက်မေးရတာ အချိန်ပိုကြာလိမ့်မယ်…အဲ့ဟာလေးနဲ့ပတ်သတ်ပြီး စကားလည်း ပြိုင်ပြောချင်စိတ်မရှိတာမို့ ဒီလို လူမသိ၊သူမသိ ဝင်ရှာတဲ့နည်းကို သုံးရတာပါ
ကျန်တဲ့နှစ်လနဲ့သုံးပတ်လုံးလုံး ဆက်သည်းခံနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေချရေးထားတာတော့ ရှိနိုင်ကောင်းပါရဲ့…
ဘယ်လောက်ဥာဏ်ကောင်းမှာမို့ သုံးလလုံးလုံး မှတ်မိရမှာလဲ
တခုခုတော့ရှိမှာပေါ့…Singtoဇွဲရှိရှိနဲ့ရှာနေတာ တစ်နာရီနီးပါးရှိနေပါပြီ
အခုထိ နံပါတ်ချရေးထားတဲ့စာရွက်မပြောနဲ့ ဂဏန်းနဲ့တူတာဆိုလို့ သချာင်္စာအုပ်ကလွဲလို့ ဘာမှမရှိ…အခန်းက နဂိုကတည်းက ပွရှုပ်နေတာမို့ ရှာထားတာမသိသာအောင် ပြန်ရှင်းစရာတော့ သိပ်မလိုပါ
ဒါပေမယ့်လည်း အရမ်းပုံမပျက်အောင်
ပြန်စီနေရတော့ အချိန်ပိုကြာသလိုပဲ…ကျွတ်…
ကိုယ့်အိမ်ထဲမှာ ကိုယ်ရှာတာတောင် ပေါ်ပေါ်ထင်ထင်ရှာမရဘူးတဲ့…
အဓိပ္ပာယ်မရှိတာတွေ…
နေနှင့်ဦးပေါ့ကွာ…
နံပါတ်ချရေးထားတာ တွေ့လို့ကတော့ မင်းနဲ့ငါ အတွေ့ပဲ
YOU ARE READING
Sold to the gangster
Fanfiction[Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆?Translationမဟုတ်ပါ...?☆☆☆ [Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆...