<zawgyi>
Sold to the gangster
~Singto&Krist ^ch-42^Missed call 16ခါဝင်တာတောင်မကိုင်တော့တဲ့ဖုန်းကို Singto အိပ်ယာပေါ်ပစ်တင်လိုက်ပြီး ရှပ်အကျီင်္ကိုအပြီးသတ်ဝတ်လိုက်ရတယ်။
Kristကတော့ သွားမနေတာကြာပြီဖြစ်တဲ့ အပေါ်ထပ်ကအခန်းကိုတက်သွားတယ်ထင်တယ်။
ဘာဖြစ်သွားတာပါလိမ့်?
သူ ပင်လယ်စာနဲ့မတည့်တာ ဒီလောက်စိတ်ဆိုးဖို့လိုလို့လား?
အရင်က ဆန်ပြုတ်ခွံ့ကျွေးတာကို မစားမိတဲ့ကိစ္စကြောင့်လား?
ကြာပဲကြာနေပြီလေ။ ခုမှသတိရပြီး တရေးနိုးစိတ်ပြန်ဆိုးလို့ရတာလား?!တမင်ရေအကြာကြီးချိုးပြီး အချိန်ကိုက်စောင့်နေတာလေ!
ခုတော့ အဝတ်ပြန်ဝတ်ပြီးတဲ့အထိ အောက်ဆင်းမလာတော့ဘူး!!အဲ့တာမို့ ဘာဖြစ်လဲသိရမလားလို့ ဟိုအရှည်ဆီဖုန်းဆက်ပါတယ်။
Beep_ဖတ်တောင်ပြန်မလုပ်ဘူး။ဘယ်ပြန်ဖြေပါ့မလဲလေ။
ဟိုမှာ လမ်းဆင်းလျှောက်မှုအကြောင်းပြုပြီး အroလွန်နေတာကိုး။
သူလောင်နေတာ ဘယ်အဖတ်လုပ်အားပါ့မလဲ!"ဒီအဒေါ်ကြီးကကော... ဘယ်သူကြီးလဲလို့?"
အဝတ်လည်းဝတ်ပြီး၊ ဖုန်းလည်းဆက်မရတာမို့ Kristနောက်ထည့်ပေးလိုက်တဲ့လူတွေကိုပဲ သိသလောက်မေးကြည့်ရမလားတွေးနေတုန်း ဧည့်ခန်းကထွက်လာတဲ့အသံ...
ဘယ်အချိန်က အောက်ပြန်ဆင်းလာပြီး ဘယ်ကအဒေါ်ကြီးကို သွားတွေ့နေရပြန်တာလဲ?
အဒေါ်ကြီးက ဘယ်လိုဝင်လာလို့လဲ?
အစောင့်ကို မိန်းမလည်းမခန့်ပါဘူး!Singto ဧည့်ခန်းဆီထွက်လာလိုက်တော့ သူမသိမ်းရသေးတဲ့ဓာတ်ပုံတွေကိုစိုက်ကြည့်ရင်း စူပုတ်နေတဲ့ကောင်လေး...
ကဲ...ဘာဖြစ်ရပြန်ပြီလဲ?
ဓာတ်ပုံကြည့်ပြီး ရန်တွေ့နေတယ်။
Singtoမှာတော့ အပြင်လူဝင်လာတယ်ထင်ပြီး လန့်သွားတာပဲ။"ဘယ်အဒေါ်ကြီးလဲ?"
"ဒီအဒေါ်ကြီး..."
အားရပါးရထိုးပြနေတဲ့လက်ညွှိုးလေးရဲ့ဦးတည်ရာကိုလိုက်ကြည့်လိုက်တော့ Kristအဒေါ်ကြီးလို့ပြောနေတာက P'Lily...
"ဟား...ဟား..."
P'Lilyကို အဒေါ်ကြီးတဲ့။
ဘာကိုစိတ်ဆိုးနေမှန်းမသိသေးပေမယ့်လည်း P'Lilyကိုအဒေါ်ကြီးလို့ခေါ်တာက...
YOU ARE READING
Sold to the gangster
Fanfiction[Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆?Translationမဟုတ်ပါ...?☆☆☆ [Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆...