Sold to the gangster...32!

2.1K 301 20
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-32^

"မင်းပြောတော့ Prachayaက လေလံဆွဲမှာသေချာနေတာဆို...တောက်...
သုံးမရတဲ့ကောင်ကို ဘာလို့ပြန်ဝယ်လာတာလဲ"

"Prachayaကို လောလောဆယ် ဘာမှလုပ်လို့မရသေးပေမယ့် ဒီကောင့်ကို လွှတ်ထားစရာအကြောင်းမရှိဘူးလေ...ငါ့အကိုအတွက် တန်ရာတန်ကြေးတော့ ပြန်ဆပ်ခိုင်းရမယ်။
တစ်စစီဖြုတ်ပြီး Red Marketမှာရောင်းရမလား...
Hotelမှာပဲ ပြန်ရောင်းမလား...တစ်ခုခုပေါ့"

[Note: Red Marketဆိုတာက organတွေ အရောင်းအဝယ်လုပ်တဲ့နေရာပါ။
ကိုယ်တွင်းအင်္ဂါအစားထိုးဖို့အလှူခံတာတွေရှိပေမယ့်... အလှူရှင်မလောက်တဲ့အခြေအနေမျိုးမှာ တရားမဝင်ရောင်းဝယ်တာမျိုးတွေလုပ်တဲ့နေရာ]

မျက်လုံးဖွင့်မရပေမယ့် လူနှစ်ယောက်ရန်ဖြစ်သံကို ကြားနေရတယ်။
သူ့အကြောင်းပြောနေတာမှန်းရိပ်မိတာမို့  Krist ကြိုးတွေကိုမရုန်းပဲ ငြိမ်ငြိမ်လေးပဲလှဲနေရင်း နားထောင်မိတယ်။
တကယ်တော့ ရုန်းလို့လည်းရမှာမဟုတ်ဘူး...

အခု...သူ အသံတောင် မထွက်ရဲဘူး...
ကြောက်တယ်...
သူလုပ်နိုင်တာ ဘာမှမရှိဘူး...

"မင်းက သေစာရင်းဝင်ပြီးနေတော့ ဘာမှပူစရာမလိုဘူး။
ငါ့အကိုသိရင် ငါပဲပြဿနာတတ်မှာ"

"ဟား...စိတ်ပူမနေနဲ့... ဒီကောင့်ကို Prachayaက ဂရုစိုက်နေတာမဟုတ်တော့ဘူး"

အဲ့ဒီနောက်ပိုင်း ဘာမှဆက်မကြာတော့...
သူဆေးအရှိန်ကြောင့် ထပ်အိပ်ပျော်သွားတယ်ထင်တယ်။

အားယူပြီးမျက်လုံးပြန်ဖွင့်လို့ရတဲ့အချိန်မှာ သူရောက်နေတာက အခန်းကျယ်တစ်ခုဆီ...
ကုတင်တွေအများကြီး...
လူတွေ အများကြီး...

တစ်ခုတည်းသောတံခါးက ဖွင့်ထားတယ်။

ဘာမှမစဉ်းစားတော့ပဲ သူထထွက်ပြေးတယ်...

အချိန်အတော်ကြာ အဝတ်နဲ့အစည်းခံထားရတဲ့ မျက်လုံးတွေပြာနေတုန်းပဲ။
ခြေထောက်တွေကလည်း အားမရှိပဲယိုင်နေတယ်။

ဒါပေမယ့် သူဆက်ပြေးတယ်...
တံခါးနားနီးလာပြီ...
ဒီကနေထွက်သွားရတော့မယ်...

Sold to the gangsterWhere stories live. Discover now