<zawgyi>
Sold to the gangster
~Singto&Krist ^ch-33^"F××k!! ကျွန်တော့အိမ်မှာ ကြက်သားအိုးကြီး ခလုတ်မပိတ်ခဲ့ရဘူး"
"ကျွန်တော်လည်း အတင်းဆွဲခေါ်ခံရတာ...ပိုက်ဆံအိတ်ပျောက်သွားပြီ... S**t!! အထဲမှာ ကျောင်းသားကတ်ဗျ!..."
"ကျွန်တော်ကကော!!!
ကျွန်တော်က ဘာဆိုင်လို့ ပါလာရတာလဲ?!!
သူ့ဆီ အကြွေးလာတောင်းရုံပဲလေ""တွေ့လား... ဒီမှာအကြွေးတောင်းနေပြီ။
ခင်ဗျားတို့ ပိုက်ဆံအိတ်ပျောက်တာ လျော်ပေးမှာလား?ဘယ်လိုလုပ်မလဲ?
နှင်းကျနေတာ...ဖုံးကုန်လိမ့်မယ်"အပို့ခံထားရတဲ့ Hotelမှာ အေးအေးလူလူ...Gunနဲ့အတူ ရုပ်ရှင်ကြည့်နေတုန်းမှာ ဒီလူတွေက Singto Prachayaရဲ့အိမ်ကို ဆွဲခေါ်လာတာ။
အိမ်ထဲမှာ God, Newwieအပြင် Tayပါရောက်နေတာမို့ပွက်လောရိုက်နေကြတယ်။သူတို့က ပထမဆုံးမို့ထင်တယ်။
Offတို့နှစ်ယောက်က အဲ့လိုအခေါ်ခံရတာ အသားတောင်ကျနေပြီ။
သုံးခါမြောက်ဖြစ်နေပြီ။ခေါ်တာကို လိုက်ပြီးရင် နစ်နာကြေးရလိမ့်မယ်။
'အချိန်နစ်နာကြေး!'
အိမ်ပြန်ပို့ပေးရင်း ဝတ်စုံပြည့်နဲ့လူတစ်ယောက်က နှုတ်ပိတ်သလိုရုပ်နဲ့ပေးပေမယ့် Offကတော့ ဒ်ါနစ်နာကြေးလို့ပဲခေါ်တယ်။
နှစ်ယောက်ကြားထဲဝင်ပါရတာ အချိန်ပုပ်လို့! ^_^အဲ့တော့ Gunကိုပဲ မလန့်ဖို့ပြောထားပြီးအသာတကြည်လိုက်လာရတယ်။
သူ့တို့ကတော့ ပထမဆုံးမို့ အတွေ့အကြုံမရှိသေးတာနေမှာ။
Offဆို အသင့်ထုတ်ထားတဲ့ နှစ်ယောက်လုံးရဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်ပါ,ပါလာသေး။
အခုထိ အေးဆေးပဲ။ဒါနဲ့...ဒီတစ်ခေါက်ခေါ်တာက Kristကို ထပ်ရှာမရလို့များလား?
အရင်တစ်ခေါက်က နှစ်ရောက်လောက်လည်းကြာကော အထုပ်ဆွဲပြီး Offအိမ်ပေါ်တက်လာတယ်။
အခုက တော်တော်ကြာနေပြီ။ဒီအချိန်မှ ပြန်မတွေ့သေးရင် စိုးရိမ်ဖို့လိုမယ်ထင်တယ်။
ရဲတိုင်သင့်လည်း တိုင်ရမယ်...
Kristကသာ မကြောက်တာ။Prachayaဆိုတဲ့လူက လူကောင်းဖြစ်ဟန်လည်းမတူဘူး။Gunနဲ့အတူ အိမ်ထဲဝင်လာတဲ့Offကိုမြင်တော့မှ ဆန္ဒပြနေတဲ့လူစု ခဏတိတ်သွားတယ်။
ခဏပါပဲ။
ESTÁS LEYENDO
Sold to the gangster
Fanfic[Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆?Translationမဟုတ်ပါ...?☆☆☆ [Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆...