Sold to the gangster-34

2.8K 305 15
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-34^

Singto အိမ်တံခါးဆီပြန်ရောက်တော့ အချိန်က ညသန်းခေါင်ကျော်နေပြီ။
အိမ်မှာနေပြီး Kristရဲ့အခြေအနေကိုပဲ စောင့်ကြည့်ချင်ပေမယ့် ပစ်ထားလို့မရတဲ့အလုပ်တွေရှိနေတယ်။
ပြီးတော့ Kristကိုရှာရင်း လက်လွန်ခဲ့တဲ့အချို့ကိစ္စတွေကြောင့် ရန်စပိုများလာတယ်။
ရှင်းစရာကိစ္စတွေက အမှိုက်လိုပုံလာလို့ သူ ဒီအိမ်ပြန်မရောက်တာတောင် ၂ရက်ရှိနေပြီ။

ဒီအချိန် သူ့အိမ်မှာ ကောင်လေးတစ်သိုက်ရောက်နေတယ်။
အချိန်အားဖြင့် သုံးရက်ကျော်နေပြီ။
ဒီကောင်လေးတွေကို အချိန်ပိုကြာပြီးခေါ်ထားရင်လည်းအဆင်မပြေ...
ပြန်ခိုင်းဖို့လည်း မရသေးနဲ့...။

ဟူး...

အိပ်ခန်းထဲမဝင်သေးဘဲ သက်ပြင်းတစ်ချက်ချရင်း လှေကားပေါ်ကို မော့ကြည့်လိုက်တယ်။
အောက်ထပ်ကမော့ကြည့်ရင် အိပ်ခန်းနှစ်ခန်းရဲ့ ပိတ်ထားတဲ့တံခါးတွေကို လှမ်းမြင်နေရမှာ...

အခု အခန်းတစ်ခန်းက မီးဖွင့်ထားတာကို ပွင့်နေတဲ့တံခါးအဟလေးကနေ လှမ်းမြင်လိုက်ရတယ်။

သေချာနားစွင့်ကြည့်တော့လည်း စကားသံက ခပ်သဲ့သဲ့လေး...
ဒီအချိန် မအိပ်ကြသေးဘူးလား?

မီးဖွင့်ထားတဲ့အခန်းဆိုတော့ Kristတော့ရှိပုံမပေါ်ဘူး။
အိမ်ကိုပထမဆုံးရောက်တုန်းက eye_coverတပ်အိပ်တာကို Singtoမှတ်မိနေသေးတာမို့ လှေကားပေါ်တက်လာလိုက်တယ်။

ဒါပေမယ့် လှေကားတစ်ဝက်အရောက်မှာ စကားသံက အခန်းထဲကမဟုတ်ပဲ အခန်းတွအပြင်က ဧည့်ခန်းမှာ ဖုန်းပြောနေတဲ့ Kristဆီကဆိုတာကို Singtoသိလိုက်ရတယ်။

တကယ်လို့ Kristနဲ့တွေ့လိမ့်မယ်ဆိုတာသိခဲ့ရင် Singto ဒီကို လာခဲ့မှာမဟုတ်ဘူး။
Kristက သူ့ကို မတွေ့ချင်ဘူးပဲပြောတာက... ဖြစ်သင့်တယ်လို့ သူထင်တယ်။
သူ Black_Marketမှာ Kristကိုထားခဲ့တာ အမှန်ပဲ။
ဒါကို ဘယ်လိုရှင်းပြရမယ်မှန်း သူမသိဘူး။
Codeတွေကြောင့်ဆိုတာ အကြောင်းပြချက်ပဲဖြစ်နေလိမ့်မယ်။
သူ ဒီကောင်လေးကို အစကတည်းက နှင်လွှတ်နေခဲ့တာ။
အခုမှ ပုံမှန်ပြန်ဖြစ်ဖို့လိုချင်တာကတော့ မဖြစ်နိုင်လောက်ဘူးလို့သူထင်တယ်။

Sold to the gangsterDonde viven las historias. Descúbrelo ahora