<zawgyi>
Sold to the gangster
~Singto&Krist ^ch-40^Kristရဲ့လက်က ကျိုးတဲ့အထိဒဏ်ရာမပြင်းတာမို့ ပတ်တီးဖြည်ပြီးသုံးရက်လောက်နေတော့ P'Singသူ့ကို ကျောင်းပြန်တက်လို့ရတယ်လို့ပြောတယ်။
အချိန်အကြာကြီးကျောင်းပျက်ထားတာကိုလည်း ခွင့်တိုင်ပေးပြီး ကျောင်းအုပ်ကြီးကိုရှင်းပြပြီးသားတဲ့။မိုက်တယ်နော်!
ပိုမိုက်သွားအောင် တက်စရာမလိုတော့အောင်ပါ လုပ်ပေးသင့်တာ!!
အကြာကြီးအိမ်မှာအိပ်လိုက်၊စားလိုက်နဲ့မို့ စာတောင်ပြန်မလုပ်ချင်တော့ဘူး။ ရုပ်ရှင်တွေထဲက လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတွေဆို သူတို့သား၊သမီးတွေကို ကျောင်းမတက်ကပဲနဲ့တောင် အောင်,အောင်လုပ်ပေးကြတယ်လေ!
အဲ့လိုမရဘူးလား......လို့ ပြောချင်ပေမယ့်လည်း အိမ်ထဲမှာပဲမနေချင်ပြန်ဘူး။နေမကောင်းလို့ ပိန်သွားပေမယ့် စားလိုက်၊အိပ်လိုက်နဲ့ ပြန်ဝချင်လာပြီ။
P'Singက သူစားချင်သမျှအကုန်ကျွေးပေမယ့်လည်း တစ်သက်နဲ့တစ်ကိုယ်ပိန်ဖူးသေးတာမဟုတ်လို့ နည်းနည်းကြာကြာလေးပိန်ချင်သေးတယ်။
ဒါပေမယ့် ဘာလို့လည်းမသိဘူး... P'Singက အသားကုန်တွေကျွေးနေတယ်။
ဖောင်းလာစေချင်ရအောင် လူကို ဝက်များထင်နေလားမသိ?!
သူပေါ်စားမှာမို့လို့လား?အိမ်မှာပဲနေဖြစ်ရင် ပိန်ဖို့အကြံကအကောင်အထည်မပေါ်ခင်မှာ 'ပလွတ်'ခနဲပျောက်သွားလိမ့်မယ်။
အဲ့လိုနဲ့ Kristလိုလိုလားလားကျောင်းပြန်တက်ဖြစ်တယ်။ ပိုအဆင်ပြေသွားတာက Kristကို ကျောင်းအထိကားနဲ့လိုက်ပို့တယ်လေ။
အိမ်ကနေကားဂိတ်အထိလမ်းလျှောက်ရလို့ မနက်စာလေးတွေ ကျောင်းမရောက်ခင်အစာကြေကုန်မှာပူစရာမလိုတော့ဘူး။ကားစီးရုံလေးနဲ့ကတော့ ဘယ်လောက်မှမဝ,ပါဘူးနော်!
"P'Sing ... ဟိုလမ်းထိပ်မှာ ခဏရပ်လို့ရလား?
Gunတို့ကိုပါအတူခေါ်ချင်လို့!!"
တကယ်က ကားအကောင်းစားကြီးကိုကြွားချင်လို့... Driverတောင်ပါသေးတယ်။
လူတွေဆိုတာ ကိုယ်ကောင်းစားရင် သူငယ်ချင်းတွေကိုပါ ကြွားလိုက်ရမှ ကျေနပ်စရာကောင်း...
YOU ARE READING
Sold to the gangster
Fanfiction[Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆?Translationမဟုတ်ပါ...?☆☆☆ [Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆...