<zawgyi>
Sold to the gangster
~Singto&Krist ^ch-44^တကယ်တော့ P'Singကိုလိုက်ချောင်းဖို့ကိစ္စဟာ ထင်သလောက်မလွယ်နေခဲ့ပါဘူး။
ကျောင်းကနေပြန်ပြီးကတည်းက အိမ်မှာပဲနေရတာ။
ခြံကြီးကလည်း အစောင့်တွေနဲ့။
တံခါးလည်း တစ်ပေါက်တည်း။အရင်တစ်ခေါက်လို အုတ်တံတိုင်းပေါ်ကျော်ဖို့တွေးပေမယ့်လည်း P'Singက သူမီးထပ်ရှို့လို့မရအောင် မီးခြစ်တွေလွှင့်ပစ်ခိုင်းထားတယ်။
Gasမီးဖိုတောင်မရှိတော့ဘူး။
အစောင့်တွေကိုအိမ်ထဲပြေးဝင်အောင် အာရုံလွှဲလို့မရဘူး။အဲ့တော့...ဒီအခြေအနေမှာထွက်လို့ရတဲ့အပေါက်က အိမ်နောက်ဘက်မှာရှိတဲ့ကြောင်တိုးပေါက်ပဲ။
(ခွေးတိုးပေါက်မဟုတ်ပါဘူးနော်...
ကြောင်ပဲတိုးတာ)Kristနေပြန်ကောင်းခါစက ပျင်းပျင်းနဲ့လမ်းလျှောက်ရင်း အဲ့အပေါက်ကိုတွေ့ထားတာ။
အပင်တွေကွယ်နေလို့ အခြားသူတွေမမြင်တာဖြစ်မယ်။
Kristတောင် ခြံထဲမှားဝင်လာတဲ့ကြောင်ကို လိုက်ဖမ်းရင်းမှ အဲ့အပေါက်ကထွက်ပြေးသွားတာမြင်လိုက်တာ။
P'Singကိုအပေါက်အကြောင်းပြောဖို့ ကြောင်မဖမ်းတော့ပဲအိမ်ထဲဝင်လာပေမယ့် ကြက်ကြော်တွေမြင်တော့မေ့သွားတာ...ခုမှသတိရတယ်။အင်း...မပြောမိတာတော်သေးတယ်။
မဟုတ်ရင် ဘယ်ကထွက်လို့ထွက်ရမှန်းကိုမသိဘူး။
ခုလိုအခွင့်အရေးကိုအသုံးချတာ အကြံမပိုင်ဘူးလား? ဟင်း...ဟင်း...Kristဖုန်းနဲ့လွယ်အိတ်ကို အပြင်အရင်ပစ်ထုတ်လိုက်တယ်။ ပြီးတော့ လက်နှစ်ဖက်နဲ့ခေါင်း...။
နံရံကြီးကထူလိုက်တာ။
ညစ်ကလည်း ညစ်ပတ်သေးတယ်။
P'Singပေးထားတဲ့နာရီကို အိမ်ထဲမှာထားခဲ့မိလို့ တော်သေးတာပေါ့။
ကြောင်ပဲတိုးတာဆိုတော့ အပေါက်ကနည်းနည်းကျဉ်းတယ်။P'ပေးထားတဲ့နာရီ ညစ်ပတ်သွားလိမ့်မယ်လေ။လက်နဲ့ခေါင်းဝင်ပြီးသွားပြီမို့ ကျန်တဲ့အပိုင်းမြန်မြန်ဝင်အောင် Kristအပေါက်ထဲ'ရှလွတ်'ခနဲဒိုင်ပင်ထိုးလိုက်ပေမယ့် ဗိုက်မှာကွက်တိတစ်,နေရှာတယ်။
ကိုယ်တစ်ပိုင်းကအပြင်ကိုရောက်သွားပေမယ့် တစ်ပိုင်းကအထဲမှာ... သောက်ကျိုးနည်း!!
ဟိုဘက်မရောက်၊ဒီဘက်မရောက် တန်းလန်းကြီး။
YOU ARE READING
Sold to the gangster
Fanfiction[Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆?Translationမဟုတ်ပါ...?☆☆☆ [Singto-Krist ficအနေနဲ့တော့ swanရဲ့ 1st ficလေးပါ... စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး characterလည်း ကွဲပြားပါတယ်...] ☆☆☆...