ch-30.1

3K 311 59
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-30.1^

marketရဲ့ logoပါတဲ့ auction paddleတွေတစ်ခါမြောက်လာတိုင်း လေလံကြေးက မြင့်သထက်မြင့်လာတယ်။

one hundred thousand...
five hundred thousand...
one million...

အချိန်ကြာလာတာနဲ့အမျှ လေလံကြေးအော်တဲ့အသံတွေ တဖြည်းဖြည်းနှေးလာတယ်...
လေလံပွဲ ပြီးတော့မယ်...
သူကတော့ လက်ထဲကမျက်နှာဖုံးတစ်ခုနဲ့ မလှုပ်မယှက်ရပ်နေမိတုန်း...

တကယ်ဆိုရင် ...ဒါက ...လေလံပွဲမဟုတ်လား?
သူ လေလံဆွဲရင်ကော?
အခြားသူတွေလို လေလံဆွဲရင်း Kristကို ပြန်ဝယ်ရင်ကော?

အဖြေက ဒီလောက်ထိ ရိုးရှင်းပါ့မလား?...
ဒီလောက်ထိ လွယ်မှာလား?

သူ...ဒီအချိန်မှာ အများကြီးမစဉ်းစားနိုင်တော့ဘူး။
စဉ်းစားနေရင် အချိန်တွေပိုကုန်သွားလိမ့်မယ်။

အရင်ဆုံး...မျက်နှာဖုံးကို ပြန်တပ်ရမယ်။
ပြီးရင်...paddleလိုတယ်...
ဒီMarketရဲ့ စည်းမျဉ်းအရ လေလံပွဲမစခင်ကတည်းက paddleကိုကြိုထုတ်ထားရမှာ...
လေလံဆွဲစရာမလိုလောက်ဘူးထင်လို့ သူ မယူထားခဲ့မိဘူး။
အခု နောက်ကျနေပြီ...သူ့မှာမရှိဘူး...

P'Na!!
ဟုတ်တယ်...P'Naမှာ ရှိတာပဲ!!

"မင်းဘာလုပ်တာလဲ?"
သူပြန်မဖြေဘဲ P'Naလက်ထဲက paddleကို ဆွဲလုလိုက်တော့...

"Singto Prachaya...မင်း ရူးနေလား?"

"သူ့ကို ဒီအတိုင်းဝယ်လိုက်မယ်...
အခု လေလံဝင်ဆွဲလို့ရတာပဲ"

"ဒီလောက်လေးနဲ့ ပြီးသွားမယ်လို့မင်းထင်နေလား?
ဒီmarketကို ဘာလို့ mask blackလို့ ခေါ်ကြတယ်ထင်လဲ?
ဒီလူတွေ ဘာလို့မျက်နှာဖုံးတပ်တယ်ထင်လဲ?
မင်းဘယ်သူလဲဆိုတာသိရင် ပိုင်ရှင်က မင်းဆီကနေ လေလံကြေးအစား အခြားဟာတောင်းလိမ့်မယ်
ဒီMarketမှာ ဘာစည်းမှမရှိဘူး...ဒါကို အားလုံးက ပျော်စရာကိစ္စလို သဘောတူထားနေကြတာ...
ဒီအချိန်မှာ မင်း လေလံဆွဲရင် ဘာဆက်ဖြစ်မယ်ထင်လို့လဲ?Codeတွေ မင်းဆီမှာရှိတာ ဒီမှာရှိသမျှလူတိုင်းသိသွားမှာနော်...
ပြီးတော့ သူတို့ဘက်က ဘာတွေကြံစည်ထားဦးမလဲမသိဘူး။ဒါဆိုရင်တောင် ဆက်လုပ်ဦးမှာလား?"

Sold to the gangsterWhere stories live. Discover now