UNICODE💫
Love Meaning & Its Duty(3)
••••••••••••••• * •••••••••••••"ပါး...ဘာလို့ဒီကိစ္စကိုကျွန်တော့်ကိုအသိမပေးပဲလုပ်လိုက်ရတာလဲဗျာ..."
"သားအတွက်ပဲလေ...သားခံစားနေရတာပါးမကြည့်ရက်ဘူးရိပေါ်...သားပျော်ဖို့အတွက်ပါးဘာမဆိုလုပ်ပေးမှာ...သားသာပါးအနားမှာအကြာကြီးနေပေးနော်..."
"ပါး...အဟင့်!...မဟုတ်ဘူးကျွန် ကျွန်တော်ကချစ်ပဲချစ်နေချင်တာ...ကျန့်ကောကိုမပိုင်ဆိုင်ရလဲကျွန်တော်အဆင်ပြေပါတယ်...အင့်!..."
ရိပေါ်ပါးကိုဖက်တွယ်ရင်းဒီနေ့အတွက်ပထဦးဆုံးအကြိမ်မျက်ရည်ကျမိတယ်။ဖခင်တာဝန်ကျေပွန်လွန်းသည့်ပါးကသူ့အတွက်ပဲကြည့်ပေးခဲ့ပေမဲ့ကျန့်ကော ကျန့်ကောကရော။သေချာတာပေါ့ကျန့်ကောကသူ့ကိုပိုလို့တောင်မုန်းသွားနိုင်တယ်။
ဆေးရုံကဆင်းဆင်းချင်းsocial mediaပေါ်ကသရုပ်ဆောင်ဝမ်ရိပေါ်သည်သာမာန်လူတန်းစားရှောင်းရှောင်းကျန့်ဆိုသူနှင့်စေ့စပ်ကြောင်းလမ်းပြီးကြောင်းဆိုသည့်သတင်းကတမင်တကာဖြန့်စရာမလိုလောက်အောင်ပလူပြန်လို့။ဘာတွေဘယ်လိုဖြစ်သွားမှန်းနားမလည်နိုင်စွာပါးစီလာမိတော့အိမ်ဝအရောက်နာနာကျည်းကျည်းပြုံးပြနေသည့်ကျန့်ကောကဆီးကြိုတယ်။
မင်းကျေနပ်ပြီလား ဆိုသည့်စကားတခွန်းနဲ့မျက်ရည်တွေကြားဒေါသရိပ်တွေလှိုက်တက်နေသည့်ကျန့်ကောမျက်လုံးအိမ်တွေကစူးစူးရဲရဲ။စကားစဖို့ပြင်ရုန်ရှိသေးရိပေါ်ပုခုံးကိုတွန်းတိုက်ကာထွက်သွားတော့တယ်။ရိပေါ်ရူးချင်လာတယ်။ဘာတွေမှန်းမသိသည့်အခြေနေမှာကျန့်ကောရဲ့မုန်းစိတ်လွှမ်းသောအကြည့်ကသူ့ကိုအကြိမ်ကြိမ်သတ်တယ်။
"ကျန့်ကော ကျန့်ကောကိုကျွန်တော်ချစ်တယ် ပါး..."
"အင်း...ပါးသိတယ် သားချစ်တဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင်နေရမယ်နော်..."
"အဟင့်!...ပါး..."
ပါးစကားကြောင့်ရိပေါ်ပါးပုခုံးထက်ခေါင်းမှောက်ချလိုက်ကာမခံစားနိုင်စွာငိုချလိုက်မိတယ်။ပါးကပြောတယ်ကျန့်ကောနဲ့အတူပျော်ပျော်ရွှင်ရွှင်နေရမယ်နော်တဲ့။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပါးရယ်။ကျွန်တော်ကကျန့်ကောနဲ့သာဆိုဘယ်လိုဘယ်ပုံနဲ့ဖြစ်ဖြစ်ပျော်ပေမဲ့ကျန့်ကောကတော့ငရဲခံနေရသလိုခံစားနေရလိမ့်မယ်ဆိုတာပါးဘယ်သိမလဲ။ကျွန်တော့်အတွက်မလိုပါဘူးပါးရယ်။ကျန့်ကောပျော်ရင်ပဲကျွန်တော်ကျေနပ်ပါပြီ။

VOUS LISEZ
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]