UNICODE💫
Love Meaning & Its Duty(14)
••••••••••••••••• * ••••••••••••"အွန့်!..."
နမ်းရှိုက်နေရင်းလက်ထဲပျော့ခွေလာသည့်ကိုယ်လေးကြောင့်ရှောင်းကျန့်အထိန့်တလန့်ကြည့်မိတော့မျက်လုံးတွေမှေးစင်းကာသူ့လက်မောင်းကိုစုတ်ညှစ်ထားသည့်လက်ကလေးနှစ်ဖက်ကပြေလျော့ကျသွားတယ်။
"ရိပေါ်...သတိထားစမ်း!...ဝမ်ရိပေါ်..."
ပါးပြင်လေးကိုအသာပုတ်ကာနှိုးတော့တုံ့တုံ့မျှမလှုပ်တော့သည့်ရိပေါ်ကြောင့်ရှောင်းကျန့်စိုးရိမ်စိတ်ကဒီဂရီမြင့်တက်လာရတယ်။ရိပေါ်ပါးပြင်ဥဥထက်ထင်းနေသည့်လက်ဝါးရာကြီးကြောင့်ရှောင်းကျန့်မှာစိတ်ပူတာရောဒေါ်သစိတ်ပါပိုတိုးလာတယ်။
"ကျစ်...သောက်အဖိုးကြီး!!!..."
ရိပေါ်ဦးလေးဆိုသည့်အတုအယောင်အယုတ်တမာကြီးကိုကြိမ်းဝါးရင်းရှောင်းကျန့်ကိုယ်ပေါ်ကကုဒ်ကိုချွတ်ကာမလုံမလဲဖြစ်နေသည့်ရိပေါ်ကိုယ်ပေါ်ခြုံပေးလိုက်တယ်။
ရိပေါ်ကိုယ်လေးကိုဆွေ့ခနဲပွေ့ချီရင်းtoiletအပြင်ဘက်ကိုခေါင်းပြူကာလမ်းကြောင်းရှင်းမရှင်းအရင်စစ်ရသေးတယ်။စကြ်ံတလျှောက်လူခြေတိတ်နေတာမို့ရှောင်းကျန့်ခပ်သွပ်သွပ်ပဲဟိုတယ်အနောက်ဘက်ကနေအပြင်ထွက်ဖို့လုပ်ရတယ်။
toiletထဲကမထွက်ခင်ကယ်ဗင်ကိုဟိုတယ်အနောက်ဘက်ကားမောင်းလာဖို့ရိပေါ်ဖုန်းနဲ့အရင်လှမ်းအကြောင်းကြားလိုက်တယ်။ကံကောင်းလို့ဘိုးတော်ကြီးလူမိုက်တွေနဲ့မတိုးပဲလျောလျောရှူရှူပဲဟိုတယ်အပြင်ဘက်ရောက်လာရတယ်။
"ဟင်!...ရှောင်းကျန့် ရိပေါ်ဘာဖြစ်တာလဲ..."
"ရတယ်...ကျွန်တော်ပဲချီလိုက်မယ်..."
သူတို့ကိုတွေ့တာနဲ့ကားထဲကပြေးထွက်လာသည့်ကယ်ဗင်ကရိပေါ်ကိုသူ့စီကလက်လွှဲယူဖို့ပြင်နေတာမို့ရှောင်းကျန့်ရိပေါ်ကိုပိုတင်းတင်းပွေ့ရင်းကယ်ဗင်ကိုကျော်ပြီးကားစီလျှောက်သွားလိုက်တယ်။
"ရှောင်းကျန့်...ရိပေါ်ဦးလေးလက်ချက်လား..."
"အင်း...ကျွန်တော်တို့ဒီနေရာကအမြန်ထွက်မှဖြစ်မယ်..."

YOU ARE READING
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]