UNICODE💫
Love Meaning & Its Duty(7)
••••••••••••••• * ••••••••••••••"ရိပေါ်အဆင်ပြေရဲ့လား..."
"အွန်း..."
ကယ်ဗင်ခြံထဲကဒန်းမှာမှိုင်မှိုင်တွေတွေထိုင်နေသည့်ရိပေါ်အနားလျှောက်သွားရင်းမေးမိတော့တချက်သာလှည့်ကြည့်လာသည့်ရိပေါ်ကအဝေးတနေရာကိုငေးမြဲတိုင်းဆက်ငေးတယ်။
"ရှောင်းကျန့်သိလား..."
"ဟအင်း!..."
"ပြောပြဖို့အစီအစဥ်ရှိလား..."
"အဟက်...ကျွန်တော်ပြောတော့ကောကျန့်ကောကကျွန်တော့်ကိုပြန်ချစ်လာနိုင်မှာမှမဟုတ်တာ...ရောဂါသည်ဆိုပြီးပိုတောင်ရွံရှာသွားဦးမယ်..."
"မဟုတ်သေးဘူးရိပေါ်...မင်းတစ်ယောက်တည်းကြိတ်မှိတ်ခံစားနေရမှာငါမကြည့်ရက်ဘူး...မင်းပါးကမင်းစိတ်ချမ်းသာဖို့အတွက်ရှောင်းကျန့်နဲ့လက်ထပ်ထားပေးတာ မင်းဒီလိုတွေခံစားနေရတာသိရင်မင်းပါးဘယ်လိုနေမလဲ...ဟမ်!...နောက်လည်းကွာရှင်းမဲ့တူတူမင်းအများကြီးမခံစားရခင် လွှတ်ပေးလိုက်သင့်တယ်..."
"ဟား...ဟား...ဟား...လွှတ်ပေးရမယ်...ဟား...ဟား...ရယ်ရတယ်ကယ်ဗင်ရယ်..."
"ရိပေါ်!!!..."
သူ့စကားကြောင့်ဘာကိုရယ်စရာလို့ထင်မြင်သလဲမသိတဟားဟားထရယ်သည့်ရိပေါ်ကြောင့်ကယ်ဗင်မှာကြောင်အသွားရတယ်။
"လွှတ်ပေးရအောင် ကျွန်တော်ကကျန့်ကောကိုချုပ်နှောင်ထားတာမှမဟုတ်တာ...ချက်ချင်းကြီးကွာရှင်းပေးဖို့ကျတော့လည်းမဖြစ်ပြန်ဘူး...အဲ့လိုဆို ခုလက်ရှိကျန့်ကောမားဆေးရုံစရိပ်တွေကျန့်ကောအတွက်ထောက်ပံ့ကြေးတွေ အဲ့ဒါတွေအားလုံးပါးကပြန်ရုတ်သိမ်းလိမ့်မယ်...ကျန့်ကောအခက်တွေ့မှာကျွန်တော်မလိုလားဘူး...ကျွန် ကျွန်တော်လည်းအရမ်းနာကျင်တယ်ကယ်ဗင်...အင့်!..."
ဆွေးဆွေးမြေ့မြေ့ပြောပြီးခေါင်းငိုက်စိုက်ချကာအင့်ခနဲငိုချလိုက်သည့်ရိပေါ်ကိုကယ်ဗင်ဘယ်လိုနှစ်သိမ့်ပေးရမည်နည်း။အဆင်ပြေသွားမှာပါလို့ပြောရအောင်လည်းအခြေနေတွေကကောင်းလာနိုင်စရာမရှိတာမို့ထိုနှစ်သိမ့်စကားကမုသားသက်သက်ဖြစ်နေဦးမည်။တသိမ့်သိမ့်တုန်နေသည့်ကျောပြင်လေးကိုပွတ်သပ်ပေးတော့ရင်ခွင်ထဲခေါင်းတိုးဝှက်လာကာရှိုက်ကြီးတငင်ငိုလာသည့်ကောင်လေးကအတော်ဝမ်းနည်းနေမှန်းသိသာသည်။သူ့အပေါ်အကိုတစ်ယောက်လိုသဘောထားသည့်ကောင်လေးကိုမညစ်ညမ်းပေမဲ့လို့အရောင်ဆိုးမိသည့်သူ့စိတ်ကကိုယ်နွေးနွေးလေးကိုပွေ့ဖက်ပေးခြင်းဖြင့်အခွင့်ကောင်းယူမိသည်။

YOU ARE READING
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]