◀Unicode▶
Love Meaning & Its Duty(24)
•••••••••••••• * •••••••••••••"ပေါ်တိ...ကောပြန်လာ..."
"ဟင်!..."
ဂလောက်!
ရှောင်းကျန့်အသံပြုလို့ဆေးရုံခန်းလေးထဲဝင်သွားမိတော့ကုတင်နဘေးအံဆွဲထဲကိုတခုခုထည့်ဝှက်ဖို့ကြံနေသည့်ရိပေါ်။သူ့အသံကြောင့်လန့်သွားပုံပဲပေါ်တိလက်ထဲကဆေးဗူးလေးကကြမ်းပြင်ပေါ်ပြုတ်ကျသွားတယ်။ရှောင်းကျန့်လည်းဝယ်လာတဲ့ဆန်ပြုတ်ချိုင့်လေးစားပွဲပေါ်တင်ပြီးကြမ်းပြင်ပေါ်ကဆေးဗူးလေးကိုကုန်းကောက်မိတယ်။
"ကျန့် ကျန့်ကော...ဆေးဗူးပြန်ပေးပါ..."
"အင်း...ပေါ်တိ ဆေးမသောက်ခင် ဆန်ပြုတ်အရင်သောက်ရမယ်လေ...ဒါဘာဆေးလည်းကောကြည့်ပါရစေဦး..."
"ကျွန်တော့်ကိုဆေးဗူးပြန်ပေးလို့!!!..."
"ပေါ်တိ..."
ရုတ်တရက်အသံကျယ်ကျယ်နဲ့ထအော်သည့်ရိပေါ်ကြောင့်ရှောင်းကျန့်မှာတအံ့တသြ။ဒေါသထွက်စရာဘာများရှိလို့လဲ။သူ့ကိုရောပေါ်တိဘယ်နှခါဒီလိုအော်ဖူးလို့လဲ။မမြင်ရတာတောင်သူ့လက်ထဲကဆေးဗူးကိုမရမကပြန်ဆွဲယူလိုက်သည့်ရိပေါ်။ဖွင့်ရက်သားအံဆွဲထည့်ပစ်ထည့်လို့မမြင်မစမ်းနဲ့ပြန်ပိတ်ဖို့ကြိုးစားတယ်။
"ပေါ်တိ...မင်းဘာလို့..."
"တောင်းပန်ပါတယ်ကျန့်ကော...ကျွန်တော်မအော်လိုက်သင့်ဘူး..."
ခေါင်းလေးငုပ်ကာတောင်းပန်လာပြန်တော့အစကတည်းကစိတ်မဆိုးရက်သည့်ရှောင်းကျန့်မှာရိပေါ်ခေါင်းလေးကိုဖွဖွပုတ်ပေးမိတယ်။
"ကောဘာမှမဖြစ်ဘူး...စိတ်ထဲမထားနဲ့...ကောပေါ်တိအတွက်ဆန်ပြုတ်ဝယ်လာတယ်...ကောခွံ့ပေးမယ်နော်..."
သူစိတ်ဆိုးသွားသည်အထင်နဲ့ညိုးငယ်နေသည့်မျက်နှာလေး။ခေါင်းဆက်ဆက်ငြိမ့်ပြတာမို့ချိုင့်ထဲဆန်ပြုတ်တွေပန်းကန်လုံးလေးထဲပြောင်းထည့်လိုက်တယ်။ပေါ်တိရင်ဘတ်နားလက်ကိုင်ပဝါလေးချည်ပေးပြီးခပ်နွေးနွေးဆန်ပြုတ်ကိုတဖူးဖူးမှုတ်လို့ခွံပေးမိတယ်။
CZYTASZ
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]