UNICODE💫
Love Meaning & Its Duty(8)
•••••••••••••• * ••••••••••••••"ကျန့်ကော...ပျင်းနေပြီလားဟင်..."
"ကိစ္စမရှိဘူး...မင်းသာနားငြီးအောင်လာမလုပ်ရင်ရပြီ..."
ဒီနေ့မှကျန့်ကောကရှူတင်လိုက်လာသည်မို့ရိပေါ်မှာမရဲတရဲလေးပျော်နေမိတယ်။ရိုက်ကူးရေးကဟိုတယ်တခုရဲ့ရေကူးကန်နဘေးမှာဖြစ်ပြီးကျန့်ကောကတစ်ယောက်တည်းပက်လက်ကုလားထိုင်မှာထိုင်နေသည်မို့ရိပေါ်နားချိန်ရတုန်းလာမေးမိခြင်း။
"အင်း...ကျန့်ကော အအေးသောက်မလားဟင်...ကျွန်တော် ကယ်ဗင့်ကိုလာပို့ခိုင်း..."
ကယ်ဗင်လို့ပြောလိုက်တာနဲ့ခပ်စူးစူးကျရောက်လာသည့်ကျန့်ကောအကြည့်ကြောင့်ရိပေါ်မှာခေါင်းလေးပုဝင်သွားရတယ်။
"မလိုဘူး...မင်းရိုက်စရာရှိတာသွားရိုက်...ဒီနားလာပြီးပွစိပွစိလာလုပ်မနေနဲ့...ငါကလေးမဟုတ်ဘူး ငါ့ဘာသာအေးအေးဆေးဆေးနေချင်တယ်..."
"ဟုတ်ကျန့်ကော..."
အမြဲတမ်းသူ့ကိုဆိုစကားအကောင်းမပြောသည့်ကျန့်ကောကိုဒီတခါလည်းရိပေါ်အပြစ်မမြင်မိ။အေးအေးဆေးဆေးနေချင်တယ်ဆိုတာကြောင့်ခပ်လှမ်းလှမ်းကရိုက်ကူးရေးလုပ်တဲ့ရေကန်နဘေးကိုပြန်လျှောက်သွားလိုက်တယ်။
"ရိပေါ်...ဒီအပိုင်းကkiss senseဆိုတော့မင်းယောက်ျားရှိနေတာအဆင်ပြေပါ့မလား..."
ဇာတ်ညွှန်းစာရွက်ကြီးကိုင်ကာအကြတ်ရိုက်နေပုံရသည့်ဂျာကြီးကြောင့်ရိပေါ်ဟက်ဟက်ပက်ပက်သာရယ်ချလိုက်ချင်တော့တယ်။ကျန့်ကောလား။သူ့ကိုသဝန်တိုမှာ။
"ကိစ္စမရှိပါဘူး...ကျန့်ကောကနားလည်တတ်ပါတယ်...ဆိုတော့စတော့မလားဂျာကြီး..."
"အင်း...မင်းသမီးလည်းအဆင်သင့်ဖြစ်နေပြီဆိုတော့စကြတာပေါ့..."
အနာပညာသမားတစ်ယောက်ဖြစ်တဲ့ရိပေါ်အတွက်ကိုယ့်ချစ်သူမဟုတ်တဲ့တခြားမိန်းကလေးကိုနမ်းရတာနဲနဲကသိကအောင့်နိုင်ရုန်ကလွဲပြီးအဆင်ပြေတာမို့အခက်ခဲမရှိပီပီပြင်ပြင်သရုပ်ဆောင်နိုင်သည်။ခုလတ်တလောရိပေါ်နဲ့တွဲဖက်မင်းသမီးကတက်သစ်မို့ရိပေါ်ကသာဦးဆောင်ရသည်ကများတယ်။
![](https://img.wattpad.com/cover/253700257-288-k937430.jpg)
YOU ARE READING
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]