°23°<Uni>

4.4K 336 10
                                    

_________
Unicode
_________

Love Meaning & Its Duty(23)
••••••••••••••• * •••••••••••••

ရှောင်းကျန့်အိပ်ရာကနိုးတော့ရင်ခွင်ထဲလစ်ဟာနေသည့်ခံစားချက်ကြောင့်မျက်လုံးတွေဖျက်ခနဲဖွင့်ကြည့်မိတယ်။

နွေးနေဆဲအိပ်ရာခင်းနဲ့သူ့ကိုယ်ပေါ်လွှမ်းခြုံထားပေးသည့်စောင်လေး။ပေါ်တိထသွားတာမကြာသေးဘူးနေမယ်။

"ပေါ်တိ...ပေါ်တိရေ...ဘယ်မှာလဲ..."

ဂျောက်!

"အာ့!..."

"ပေါ်တိ!!!..."

နားထဲစူးခဲတိုးဝင်လာသည့်ရိပေါ်အော်ညည်းသံကြောင့်အသံလာရာbathroomထဲပြေးဝင်သွားမိတယ်။ကြမ်းပြင်ပေါ်ပုံပုံလးပစ်လဲနေသည့်ပေါ်တိ မလှမ်းမကမ်းကစတီးထောက်တိုင်လေးကိုဟိုစမ်းဒီစမ်းရှာလို့။

"ပေါ်တိ!..."

"ကျန့်ကော...အာ့!..."

သူ့အသံကြားတာနဲ့အတင်းကုန်းရုန်းထသည့်ရိပေါ်ကခြေခေါက်သွားပုံပဲ။မထနိုင်ပဲပြန်လဲမလိုဖြစ်တာကြောင့်ရှောင်းကျန့်သွားပြေးထိန်းလိုက်တယ်။

"ပေါ်တိ...အဆင်ပြေလား...ကောကိုအားပြုပြီးလျှောက်..."

"ကျန့်ကော...ကျွန်တော့်ထောက်တိုင်..."

"အင်း...ကောကောက်လာပေးမယ်..."

ရိပေါ်ကိုထိန်းပွေ့ရင်းရှောင်းကျန့်ဆေးရုံခန်းထဲပြန်ဝင်လာလိုက်တယ်။လက်ထဲကထောက်တိုင်ကိုကုတင်နဘေးမှာထောင်ထားလိုက်ပြီးပေါ်တိရှေ့ဒူးထောက်ချလိုက်တယ်။

အမြင်ကွယ်နေသည့်ရိပေါ်ကတော့ရှောင်းကျန့်လုပ်ရပ်ကိုနားလေးစင့်လို့မျက်လုံးအိမ်တွေကဟိုဟိုဒီဒီရွေ့လျားဆဲ။

"ကျန့်ကော ဘာလုပ်တာလဲ!!!..."

ရိပေါ်ခြေချင်းဝတ်ကိုသွားကိုင်သည့်ရှောင်းကျန့်ကြောင့်အလန့်တကြားမေးခွန်းထုတ်လာတယ်။ခြေမျက်စိနားအနည်းငယ်ညိုသွားသည့်ဒဏ်ရာကြောင့်ရှောင်းကျန့်ရိပေါ်ကိုပြန်ဖြေမနေတော့ပဲအန်ဆွဲထဲမွှေနှောက်ရှာဖွေမိတယ်။

"အာ့!...ကျန့်ကော...နာ နာတယ်..."

"ခဏလောက်သည်းခံပေးပေါ်တိ...အကြောမျက်သွားတာ ကောနှိပ်ပေးမယ်..."

Love Meaning & Its Duty[Complete]حيث تعيش القصص. اكتشف الآن