_________
Unicode
_________Love Meaning & Its Duty(17)
•••••••••••••• * ••••••••••••••တဖန်ခြေချမိသည့်ဝမ်အိမ်တော်။သေချာတာပေါ့ ဝမ်ရိပေါ်ဆိုတဲ့လူသားလည်းရှောင်းကျန့်နဘေးမှာရှိနေဆဲ။နှစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့ကမ်းခြေနဘေးကcondoလေးကိုနှုတ်ဆက်ခဲ့ကြတယ်။အချိန်ကောင်းတွေရရှိပြီးနောက်သေချာလာသည့်ရှောင်းကျန့်နှလုံးသား။
"သားရိပေါ်..."
"ပါး..."
ဝမ်ပါးကိုပြေးဖက်သည့်ဝမ်ရိပေါ်ကခုတော့ရှောင်းကျန့်အမြင်မှာကလေးသာသာ။
"သားရှောင်းကျန့်...ကျေးဇူးပါ အန်ကယ့်သားလေးကိုစောင့်ရှောက်ပေးလို့..."
"မလိုပါဘူး...ဝမ်ရိပေါ်ကကျွန်တော့်သက်ဆိုင်သူပဲဟာ..."
ရှောင်းကျန့်အပြောကြောင့်တအံ့တသြလှည့်ကြည့်လာသည့်ဝမ်ရိပေါ်။အပြုံးနုနုစွန့်ကြဲပြီးနောက်ပြန်ညှိုးငယ်သွားသည့်မျက်နှာလေး။
"ပါး...ကျွန်တော်အပေါ်တက်တော့မယ်..."
"အင်း...ပါးသားလေးအနားယူလိုက်ဦး..."
အပေါ်ထပ်ကိုလှေကားထစ်တွေအတိုင်းတလိမ့်လိမ့်ပြေးတက်သွားသည့်ကောင်လေး။အကြည့်လွှဲမရသေးသည့်ရှောင်းကျန့်ကဝမ်ပါးချောင်းဟန့်မှသတိပြန်ဝင်လာသည့်အဖြစ်။
"အဟမ်း...သားရှောင်းကျန့် မင်းလည်းသိသင့်သလောက်သိပြီးလောက်ရောပေါ့...ရိပေါ်ခံစားနေရတာတွေအကုန်လုံးကအန်ကယ့်အပြစ်တွေပါ..."
သက်ပြင်းရှည်ကြီးချရင်းအပြစ်သားလိုဖွင့်ဟလာသည်ဝမ်ပါးဆိုလိုရင်းကိုရှောင်းကျန့်နားမလည်။
"အန်ကယ်ဘာကိုပြောချင်တာလဲခမျ...အာ...ရိပေါ်ဦးလေးဆိုတဲ့လူ..."
"အင်း...ဟုတ်တယ် ဟန်မင်ပဲ...ရိပေါ်ဦးလေးအရင်းမဟုတ်တာတော့မောင်ရင်သိပြီးလောက်ရောပေါ့..."
"ဟုတ်ကဲ့...ကျွန်တော်အဲ့နေ့ညကတည်းကသိလိုက်ပါတယ်..."
"အန်ကယ့်ကြောင့်ပါ...အန်ကယ်သာ ဟန်မင်အမနဲ့မပတ်သပ်ခဲ့ရင် ရိပေါ်လည်းအနှောက်ယှက်ကင်းကင်းနဲ့နေနိုင်မှာ...အန်ကယ်ပြောချင်တာရှောင်းကျန့်နားလည်ရဲ့လား...."
![](https://img.wattpad.com/cover/253700257-288-k937430.jpg)
YOU ARE READING
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]