_________
Unicode
_________Love Meaning & Its Duty(22)
••••••••••••••• * •••••••••••••"ပေါ်တိ..."
သူ့ခေါ်သံကြောင့်ကျောပေါ်ကကောင်လေးကနှာခေါင်းလုံးလုံးလေးနဲ့ရှောင်းကျန့်ပါးတစ်ဖက်ကိုတိုးနမ်းတယ်။ပြုံးယောင်ယောင်ရှောင်းကျန့်နှုတ်ခမ်းပါး။လိမ့်ခနဲဖြတ်စီးကုန်သည့်မျက်ရည်ပူတွေ။
"ကျန့်ကော ဘာလို့ငိုနေတာလဲဟင်..."
"မင်းကြောင့်..."
"မငိုနဲ့တော့..."
"မင်းလုပ်လို့..."
"ကျွန်တော်ကချစ်လို့ကို..."
ပြောရင်းရှောင်းကျန့်ပါးပြင်ကိုလက်နှစ်ဖက်နဲ့စမ်းရင်းမျက်ရည်တွေပွတ်သုတ်ပေးတယ်။
ရိပေါ်ကိုကျောပိုးထားရင်းရှောင်းကျန့်ဆေးရုံခန်းလေးထဲပြန်ဝင်လာလိုက်တယ်။
"ဘယ်အခန်းလဲပေါ်တိ..."
"105..."
ရှောင်းကျန့်ကုသမှုခံယူခဲ့တဲ့ဆေးရုံခန်းလေး။ခုံတမ်းဝါလေးကိုလှမ်းမြင်နေရသည့်ထိုအခန်းလေး။ပေါ်တိ မင်းဟာလေ တကယ့်အရူးလေး။
"ဘာစားပြီးပြီလဲ..."
"ကျန့်ကော..."
"ပေါ်တိ!!!..."
"အဟင်း...စတာ စတာ...မစားချင်သေးဘူး..."
ဆေးရုံကုတင်ထက်တပလင်ခွေလေးထိုင်နေသည့်ကောင်လေးက ကလေးလိုပေါ့ပေါ့ပါးပါးရယ်နေပေမဲ့ရှောင်းကျန့်မှာအသံတိတ်မျက်ရည်ကျနေမိတယ်။လိုလို့လား အဲ့လောက်ထိချစ်ဖို့လိုလို့လားပေါ်တိရာ။
"ပေါ်တိ...မင်းအတွက်ကောနေ့လည်စာသွားဝယ်ပေးမယ်...ဘယ်မှမသွားနဲ့နော် ဒီမှာပဲနေ..."
"ဟုတ်ကျန့်ကော..."
ဆေးရုံခန်းလေးထဲကတရှိုန်ထိုးပြေးထွက်လာမိသည့်ရှောင်းကျန့်။လှိုက်တက်လာသည့်ဝမ်းနည်းမှုတို့ကြောင့်ဆေးရုံရှေ့လူသွားလမ်းပေါ်မှာဒူးထောက်ငိုကြွေးမိတယ်။ကွက်ကြည့်ကွက်ကြည့်လူတွေစီကဂရုဏာမျက်ဝန်းတွေကရှောင်းကျန့်စီပေါပေါသီသီ။

YOU ARE READING
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]