°13°<Zg>

2.3K 132 14
                                    

ZAWGYI💫

Love Meaning & Its Duty(13)
••••••••••••••• * ••••••••••••••

နဘေးမှာထိုင်နေသည့်ဝမ်ရိပေါ်ကစကားတလုံးမဆိုကားမှန်ကနေတဆင့်အပြင်ကိုငေးရင်းငြိမ်ငြိမ်လေးပဲ။night partyဆိုလားပဲအနုပညာလောကသားတွေအတွက်တွေ့ဆုံပွဲကိုသွားရမှာမို့ရိပေါ်ရောသူရောအတွင်းရေးမှူးကယ်ဗင်မောင်းသည့်ကားလေးကိုလိုက်စီးလာခြင်း။

ရှုပ်ရှုပ်ရှပ်ရှပ်လူထူတာမကြိုက်သည့်သူကဝမ်ရိပေါ်ရဲ့ ကျန့်ကောမလိုက်ချင်ရင်ကယ်ဗင်နဲ့ပဲပွဲတက်လိုက်ပါ့မယ် ဆိုသည့်စကားကြောင့်ချက်ချင်းခေါင်းငြိမ့်လိုက်မိတယ်။သူဝမ်ရိပေါ်ကိုသဝန်တိုတာလုံးဝမဟုတ်ဘူး။ကယ်ဗင်ဆိုတဲ့ကောင်နဲ့အတူတွဲမတွေ့ချင်ရုန်ပဲ။ဟုတ်တယ် အဲ့အတိုင်းပဲ။

ကိုယ့်ခံစားချက်ကိုယ်အတင်းဖုံးကွယ်နေသည့်ရှောင်းကျန့်ကမတွန့်မဆုတ်ချစ်တယ်လို့ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ရိပေါ်ကိုအားကျမိပါရဲ့။royal suiteလေးနဲ့ဝမ်ရိပေါ်ကအတော်ကြည့်ကောင်းပြီးရှောင်းကျန့်အမြင်မှာချစ်ဖို့ကောင်းနေတယ်။

ကြေးနီရောင်ဆံသားတွေကိုအဖျားနားကလှိုင်းတွန့်လေးတွေလုပ်ထားပုံကကပိုကရို။တကယ့်တော်ဝင်မင်းသားလေးလိုမှော်ဆန်ဆန်ကြည့်ကောင်းလွန်းနေ သည်။

ရိပေါ်စီကအကြည့်မလွှဲနိုင်သည့်ရှောင်းကျန့်တစ်ယောက်ကားနောက်ကြည့်မှန်ကတဆင့်သူ့ကိုအကဲခတ်သလိုကြည့်နေသည့်ကယ်ဗင်ကြောင့်ချောင်းတချက်ဟန့်ကာရိပေါ်စီကအကြည့်လွှဲလိုက်ရတယ်။

"အဟမ်း!..."

"ကျန့်ကော...နေမကောင်းဘူးလားဟင်...အအေးမိထားတာလား..."

အသေးအမွှားလေးကအစလိုက်ဂရုစိုက်တတ်သည့်ရိပေါ်ကိုရှောင်းကျန့်ခုမှအားနာသလိုလို။ကိုယ်ပေါ်ဟိုစမ်းဒီစမ်းလုပ်ပြီးမှအက်ျီအတွင်းအိပ်ကပ်ထဲကလက်ကိုင်ပဝါလေးထုတ်ပေးတယ်။

"အင့်!...ကျန့်ကော ယူထားနော်..."

လက်ထဲထိုးပေးလာသည့်လက်ကိုင်ပဝါလေးကိုကြည့်မိတော့ထောင့်နားလေးမှာဝက်ရုပ်လေးကိုချည်ပန်းရောင်လေးနဲ့ထိုးထားတာမို့ရှောင်းကျန့်သဘောတကျပြုံးလိုက်မိတယ်။အဟင်း သူမသိခဲ့ဘူး။ဝမ်ရိပေါ်ကကလေးဆန်တာပဲ။

Love Meaning & Its Duty[Complete]Where stories live. Discover now