UNICODE💫
Love Meaning & Its Duty(10)
••••••••••••••• * •••••••••••••"what!!!..."
ရှောင်းကျန့်မှာအိပ်ရာကနိုးနိုးချင်းသူ့ခန္ဓာကိုယ်ကထကြွနေသည့်တနေရာကြောင့်ခေါင်းမွေးတွေထောင်ချင်လာတယ်။ရှောင်းကျန့်ရင်ခွင်ထဲအိပ်ပျော်နေသည့်ရိပေါ်ကနေမကောင်းတာကြောင့်ခုချိန်ထိနိုးမလာသေး။လက်တွေကရှောင်းကျန့်ခါးကိုခပ်တင်းတင်းဖက်ထားပြီးခြေထောက်တွေနဲ့ပါခွထားသေးသည်မို့ရှောင်းကျန့်မှာတကိုယ်လုံးပူထူလာရတယ်။
"ဟင်းးး...အဟွန့်..."
ရလိုရငြားရုန်းကြည့်တော့ရင်ခွင်ခေါင်းတိုးဝှက်လာသည့်ရိပေါ်ကခွေးပေါက်လေးနှင့်ပင်သဏ္ဍာန်တူသည်။ပျောက်တိပျောက်ကြားကုတင်ပေါ်ထိုးကျနေသည့်နံနက်ခင်းနေခြည်နုနုကြောင့်ရိပေါ်အသားရည်ကဖြူစွပ်ကာနို့နှစ်ရောင်အသားရည်ကအနည်းငယ်ပင်နီချင်နေတယ်။
"ရိ...ရိပေါ်..."
"ဟင်!..."
အောက်ပိုင်းတနေရာကတင်းတင်းကြပ်ကြပ်ခံစားလာရတာကြောင့်ရှောင်းကျန့်အငြိမ်မနေနိုင်တော့ပဲရိပေါ်ကိုအသာခေါ်နှိုးမိတော့တဟင်ဟင်အသံပိစိသာထွက်ပြီးဆက်အိပ်နေဆဲ။ဒါတောင်အားမရသေးသူ့ကိုကျောပေးလိုက်ပြီးလာကပ်အိပ်နေသည်မို့ထိကပ်သွားသည့်အသားစိုင်တွေကြောင့်ရှောင်းကျန့်မျောက်မီးခဲကိုင်သလိုဆွေ့ခနဲကုတင်ပေါ်ကအမြန်ကုန်းရုန်းထရတော့တယ်။မဟုတ်ရင်ဒီဟာလေးကိုသူတခုခုလုပ်မိတော့မည်လေ။ကုတင်ပေါ်ကျန်ခဲ့သည့်ရိပေါ်ကနိုးသွားလား အိပ်နေသေးလားသူမသိတော့။အမြန်ရေချိုးခန်းထဲဝင်ကာခြေကုန်လက်ပမ်းကျသည်အထိလက်သမားလုပ်ရတော့တယ်။
"ဟူးးး..."
"ကျန့်ကော...အဆင်ပြေလား..."
ရှောင်းကျန့်မောမောပမ်းပမ်းရေချိုးခန်းထဲကပြန်ထွက်လာတော့ဘယ်အချိန်ကတည်းကနိုးနေမှန်းမသိသည့်ရိပေါ်ကကုတင်ပေါ်မှာငုပ်တုပ်လေး။သူ့ကိုမေးလာပုံကအကုန်သိနေသည့်ပုံစံ။
"ဘာ ဘာကိုအဆင်ပြေလား မေးနေတာလဲ..."
"အဟွန်း...ယောက်ျားချင်းပဲကျန့်ကောရယ် ရှက်နေသေးတယ်..."
ESTÁS LEYENDO
Love Meaning & Its Duty[Complete]
FanficZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]