°21°<Uni>

4.4K 354 14
                                    

_________
Unicode
_________

Love Meaning & Its Duty(21)
••••••••••••••• * •••••••••••••

*နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ဝမ်ရိပေါ်ဟာ အနုပညာလောကမှအပြီးအပိုင်အနားယူလိုက်ပါကြောင်းသိရှိရပါတယ်ရှင်...ကျွန်မတို့ဝမ်ရိပေါ်ရဲ့အတွင်းရေးမှူး​ဖြစ်တဲ့Mr.ကယ်ဗင်အားခေါ်ယူမေးမြန်းထားတဲ့vedioလေးကိုကြည့်လိုက်ရအောင်...*

"တောက်စ်!!!..."

TVဖန်သားပြင်ပေါ်မှာတောင်အရိပ်အယောင်လာမပြသည့်ရိပေါ်ကြောင့်ရှောင်းကျန့်ဒေါသတကြီးတောက်စ်ခေါက်လိုက်မိတယ်။

ဆက်ပြနေဆဲအင်တာဗျူးအစီအစဥ်ထဲကယ်ဗင်၏ရေရေရာရာမရှိလှသည့်အကြောင်းပြချက်တွေကိုလည်းရှောင်းကျန့်ဘဝင်မကျလှ။

ဆက်ကြည့်ချင်စိတ်မရှိတော့တာကြောင့်TVကိုပိတ်ပစ်ကာလက်ထဲကremoteကိုsofaပေါ်ပစ်ထုတ်ပလိုက်တယ်။

ဒါသက်သက်သူ့နှလုံးသားကိုကစားသွားတာ။သူ့ဘက်ကမုန်းမရအောင်ချစ်တတ်လာချိန်မှစွန့်ပစ်ခဲ့တဲ့ဝမ်ရိပေါ်။ငါမင်းကိုမုန်းချင်တယ် ဝမ်ရိပေါ်။

_______________💕______________

"ပေါ်တိဘယ်မှာလဲ...ကျွန်တော်ပေါ်တိနဲ့တွေ့ချင်တယ်အန်ကယ်..."

"ရိပေါ်ကခရီးကပြန်မရောက်သေးဘူးလူလေးရှောင်းကျန့်..."

ဝမ်ပါးကိုမေးရင်အမြဲတမ်းကြားရတဲ့ဒီစကား။အနုပညာလောကကနှုတ်ထွက်ပြီးတာတောင်ဘာတွေများလုပ်စရာရှိနေသေးတာလဲပေါ်တိရာ။

"ကျွန်တော်ပေါ်တိစီလိုက်သွားမယ်...ပေါ်တိဘယ်ကိုထွက်သွားတာလဲပြောပြနိုင်မလားအန်ကယ်..."

လေးလေးပင်ပင်ခေါင်းရမ်းပြသည့်ဝမ်ပါးကြောင့်ရှောင်းကျန့်လည်ပင်းကအကြောစိမ်းတွေထောင်သည်အထိလက်သီးကိုကျစ်ကျစ်စုတ်မိတယ်။

ဒုန်း!💢 ခွမ်း!💢

ဧည့်ခန်းထဲကပန်းအိုးကြီးပစ်ခွဲကာအပေါ်ထပ်ကိုဒေါသတကြီးတက်သွားသည့်ရှောင်းကျန့်။ကွာရှင်းပြတ်စဲခြင်းကိုလက်မခံသည့်ရှောင်းကျန့်ကပိုင်ဆိုင်ခွင့်တွေတခုမှလက်သင့်မခံ။ပေါ်တိပါးစပ်က မချစ်တော့ဘူးဆိုတဲ့စကားကြားမှလက်မှတ်ထိုးပေးမယ်လို့ဆိုကာဝမ်ပါးအိမ်မှာဆက်နေဆဲပင်။

Love Meaning & Its Duty[Complete]Donde viven las historias. Descúbrelo ahora